part -12

1.1K 30 2
                                    

အခန်း ၁၂

"ဟဲ့....ဟိုစပ်စလူးမ...

ယောက်ျားလေးကို ဘာလို့လိုက်ကပ်နေတာလဲ"

"ကိုကြီးကလဲ....သမီးအစ်ကိုပဲကို

ဘာဖြစ်လို့လဲ....မောင်နှမတွေပဲဟာ"

"ဘာမောင်နှမလဲ ဘင်္ဂလားမောင်နှမလား

မြူဆွယ်မနေနဲ့ ကိုယ်လုံးတီးချွတ်ပြရင်တောင်

ငနေက စိတ်ဝင်စားမှာမဟုတ်ဘူး....

နင့်ဟာနင် ပြန်ငုံ့ကြည့်ဦး

လိပ်ခါး ဖားဖင်ဖြစ်ကကြားထဲ နို့ကပါပြားနေသေးတယ်

ငါ့နို့တောင် နင့်ထက်ကြီးသေးတယ်

ဘုရားဆူးမိန်းမပါ ပြောရမလိုဖြစ်နေပြီ

ရုတ်တစ်ရပ်ကြည့်ရတာ ဖြတ်ဖောက်ချုပ်မလုပ်ရသေးတဲ့ အခြောက်မကျနေတာပဲ...."

ဗစ်တာ့ပါးစပ်က ဘာမဆိုပြောရဲတာကြောင့် သူမကြိတ်ပြုံးနေမိကာ မြေခွေးမက ဗစ်တာ့ကိုကြောက်၍ထင်သည် နှုတ်လှန်ထိုးတတ်သည့် အကျင့်တောင် ဘယ်ချောင်ရောက်လို့ ရောက်နေမှန်းမသိပေ။

ဒီကောင်မလေး ရဲတင်းပုံ ခံပြောတတ်သည့်ပုံတွေကို သိနေတာကြောင့် နီတွတ်နှင့် တည်ပေးမလို့ကို ဗစ်တာနှင့်ပင် ပွဲကတော်တော်ပြီးနေရသည်။ 

မိုးမလင်းသေးဘူး မောင့်အနားရောက်နေကာ ပေါင်ပေါ်တက်ထိုင်မတတ် အစိတွေခါနေတာကို ကြည့်မရသော်လည်း ပါးစပ်ကပြောမိလျှင် ဘရိတ်အုပ်မရဖြစ်မှာစိုးရိမ်တာရော သူစိမ်းတွေရှေ့ဖြစ်နေတာကြောင့်ပါ သူမငြိမ်နေရသလို မင်းထင်ရော နီတွတ်ပါ ကြက်သွန်လှီးနေရင်း ဒေါသထွက်လွန်းလို့ ကြက်သွန်တွေလဲ ပါးယုံမက ပြားတဲ့အထိပါ ဖြစ်ကုန်တဲ့အထိ အသားကုန်ဖိလှီးနေကြတော့သည်။

မောင့်မှာလဲ အများရှေ့ဆိုတော့ ယောက်ျားလေးဖြစ်နေသည်ကြောင့် အောင့်အီးက ရှောင်နေရသော်လည်း ဒီကောင်မလေး အနေအထိုင် မတတ်ပုံက လွန်လွန်းလေသည်။

"မောင်.....ဘာတွေဖြစ်နေတာလဲ

မောင့်အသံကြီးပဲ အိပ်လို့တောင် မရတော့ဘူး"

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now