part-3

1.8K 34 5
                                    

အခန်း ၃

"ပြန်လာပြီလား...သမီး..

ဟိုကလေး အဆင်ပြေရဲ့လား...

ဘယ်လိုနေသေးလဲ သမီး.."

"အမေ....ဘာကို ကလေးလဲ

အမေတို့များနော်...

ကိုယ့်သမီး အပျိုလေးဆိုတာရော

သတိရရဲ့လားဟင်....

ယောက်ျားလေးတွေ အပြုံလိုက်ကြီးထဲ

ဘာကိစ္စနဲ့ သွားခိုင်းရတာလဲ....

အမေတို့နော်...ပြောပြန်ရင်လဲ

သမီးပဲ ငရဲကြီးမယ်...."

ဧည့်ခန်းထဲ ဝင်ထိုင်လိုက်သည်နှင့် တူမတော် သုံးယောက်က ဟိုလိုလို ဒီလိုလိုနှင့် မသိမသာ ထပြေးကြကာ ဖုံသုတ်သူကသုတ် TVကို ကလိသူက ကလိ၊ သူ့ဟာသူလှနေတဲ့ ပန်းအိုးကို ထပြင်သူကပြင်နှင့် ထိုင်လဲမထိုင်ရဲ စပ်ကလဲစုချင်နှင့် မျက်နှာတွေရော လူတွေပါ ဖရိုဖရဲကို ဖြစ်နေလိုက်ကြတာ လောလောဆယ် သူတို့ကို မပွားနိုင်သေးပဲ အမေနှင့်အရင် စကားနပန်းပြိုင်ရပေဦးမယ်။

"ဟဲ့.....ဘာလို့တုန်း...

ကလေးတွေက ညည်းဘာလုပ်လို့လဲ"

"ဘာကလေးလဲ အမေ....

ကလေးကလေးနဲ့ ပြောမနေပါနဲ့...

မိန်းမယူရင် ကလေးတစ်ဒါစင်လောက် ထွက်နိုင်တဲ့အရွယ်က ကလေးလား.......

ဖြစ်မဲ့ဖြစ် ကလေးအဖေပဲ ဖြစ်မှာ..."

"အေး....မဆိုးပါဘူး...

ညည်းစဉ်စားတက်ရင် ပြီးတာပဲ..

ကလေးတို့အဖေလို့ ညည်းခေါ်ချင်နေလဲ

ညည်းသဘောပေါ့အေ..."

"အေမ့!!!!.."

သူမ ထအော်လိုက်သည်နှင့် အမေက ဘာမှမဖြစ်သည့်စတိုင်နှင့် ခင်မို့မို့အေး မျက်နှာပေးမျိုးလုပ်ကာ မခန့်သည့်အထာနှင် ခုံမှာဝင်ထိုင်သော်လည်း ဟိုသုံးကောင်ကတော့ အနည်းငယ် ဇက်ပုနေပြီဖြစ်သည်။

ရာသီဥတုက ယနေ့မိုးသည်းထန်စွာရွာယုံမက မိုးကြိုးပါကပ်ပြီးပွတ်မည့် အနေအထားရှိနေပါသည်ဆိုတာမျိုးမို့ မမြင်အောင် ပုန်းဖို့ မထော်မနန်းတွေ ကြိုးစားနေလေရဲ့

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now