part-22

1.2K 25 0
                                    

အခန်း ၂၂

သူ့မှာတော့ နှာဘူးခေါင်းဆောင်ကြီး မင်းဘုန်းခန့် မြှောက်ပေးလို့ သူ့ကလေးလေး တစ်ကယ်ချစ်မချစ် သိရအောင် အဆက်အသွယ်တွေဖျက်ပြီး သူမလေး စဆက်သွယ်မည့် အချိန်ကို ခုထိမျှော်လင့် နေခဲ့မိရကာ ဒီကလေးမကတော့ သူ့ကို ဖုတ်လေတဲ့ငပိ ရှိသည်ဟုတောင် မထင်ပဲ မျက်နှာချင်းဆိုင် တွေ့နေတာတောင်မှ မသိတဲ့သူပုံစံတွေ အပီအပြင်ပြနေမှတော့ ဟိုနှာဘူး ဘာကြီးတွေ သင်ထားသင်ထား ကိုယ့်မယားကိုယ် ဆွဲစားဖို့သာ တဏှာစိတ် ငယ်ထိပ်ရောက်ပြီး နွေနှင်းမြူရဲ့ မှန်တင်ခုံပေါ် ဆွဲမကာ တင်လိုက်သည်နှင့်....

"မလုပ်နဲ့....ဦး....

မလုပ်ပါနဲ့နော်....ကျွန်မတောင်းပန်ပါတယ်"

"ဘာဖြစ်လို့လဲ.....မင်းက ကိုယ့်မိန်းမပဲလေ

ဘာလို့တားနေတာလဲ.......

ကလေး...ဦးကို ပစ်ထားတာ

ဘယ်နှစ်လရှိနေပြီလဲ မှတ်မိတယ် မဟုတ်လား"

"ကိုကြီးနေ ရှိနေတယ်လေ....

မလုပ်ပါနဲ့နော်....သနားပါဦး ဦးရယ်"

"အဲ့ကောင်....ဆေးရှိန်တွေနဲ့ အိပ်နေတယ်....

များများအိပ်မှ အမြန်သက်သာမှာမို့

ဦး တမင်ကို ပေးထားတာ....

ဆင်အော်တာတောင် မနိုးဘူး...

သူရှိလဲ ရှက်စရာမလိုဘူး...."

သူ့ကလေးလေး မျက်ရည်ဝိုင်းနေတာကိုလဲ သနားရကောင်းမှန်း မသိတော့ကာ မြိုသိပ်ခဲ့ရသည့် သူ့ဆန္ဒတွေကိုသာ ရှေ့တန်းတင်ချင်နေတာကြောင့် ပြန်ကြမ်းလိုက်သည်နှင့်....

"မလုပ်ပါနဲ့ဦး....တောင်းပန်ပါတယ်

သမီးမှာ ကိုယ်ဝန်ရှိနေလို့ပါ...."

"ဘာ...."

"ဟုတ်ပါတယ်....သမီးကို မသနားရင်တောင်

ကလေးကို သနားပေးပါနော်....

သမီးရဲ့ ကလေးလေး တစ်ခုခု ဖြစ်သွားမှာ

စိုးရိမ်လို့ပါ....တောင်းပန်ပါတယ် ဦးရယ်..."

လက်အုပ်လေးချီပြီး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျကာ တောင်းပန်နေသည့်ကလေးက ဘယ်လောက်တောင် အားငယ်ပြီး ငိုခဲ့ရလဲမသိ ငိုနေတာတောင် ပလုံးပထွေး ရှိုက်သံတွေနှင့် ပြောနေရမည့်အစား စကားတွေကို ကောင်းကောင်းပြောနိုင်နေလေသည်။

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now