part -11

1.1K 31 4
                                    

အခန်း ၁၁

"မင်းတို့ ဘာကောင်တွေလဲ.....

ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီထဲဝင်လာတာလဲ

မသာပေါ်ချင်ကြလို့လား......"

"မဟုတ်ပါဘူး ခင်ဗျ......

ကျွန်တော်တို့က ဒီကလူကြီးမင်းနဲ့

ပြောဆိုပြီးမှ လာခဲ့ကြတာပါ....."

"စောက်ပိုတွေ မပြောနဲ့......

မင်းတို့ကို ဘယ်သူကမှ အလွယ်တကူ

ဒီထဲ ပေးဝင်မှာ မဟုတ်ဘူး.....

မင်းတို့ သူခိုးတွေ မှတ်လား

မှော်ထဲကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ရအောင်

မင်းတို့ ဘိုးအေတွေ ပိုင်တာမဟုတ်ဘူး

ခုလှည့်ပြန်လို့ ရသေးတယ်...

မသေချင်ရင် လာလမ်းအတိုင်းပြန်ကြ

သွား....သွားကြ...."

နယ်မြေမကျွမ်းလို့ စမ်းတစ်ဝါးဝါးနှင့် ဝင်လာပြီးမှ သူတို့ကားကို အဝိုင်းခံလိုက်ရကာ လက်နက်ကိုယ်စီနှင့် ခပ်တောင့်တောင့် ယောက်ျားကြီးပဲ အယောက်၃၀လောက်ရှိနေကာ ခေါင်းဆောင်ဟုထင်ရသည့်လူက ကြမ်းကြမ်းတမ်းတမ်းတွေပြောဆို မောင်းထုတ်နေတာကြောင့် မင်းထင်တစ်ယောက် ကန်တော့မတတ် တောင်းပန်ကာ စကားပြောဖို့ကြိုးစားနေတာကြောင့် 'မ´လဲ မနေနိုင်တော့ပဲ ဝင်ပါတော့မည်ကို သူသိနေ၍ ဆွဲထားရကောင်းမလား မကောင်းလားတွေးနေမိတော့သည်။

သူတို့ကားကို ဝိုင်းလိုက်ထဲက ကားပေါ်ရှိလူအကုန်ဆင်းခိုင်းပြီး ကားကိုလဲ စစ်ဆေးနေကြကာ လက်နှက်တွေနှင့် ချိန်ထားတာကြောင့် တစ်ယောက်မှ မလှုပ်ရဲကြပေ။ တာဝန်ယူထားသည့် မင်းထင်ကပဲ အရဲစွန့်နေသည်ကြောင့် သူတစ်ယောက်တည်း ခေါင်းခံဖို့ကလဲ မဖြစ်နိုင်ပြန်

"ကျွန်မတို့ကို ကိုဒီပါက

ဒီကို လာဖို့ပြောထားလို့ပါ....

အစ်ကိုတို့မကြိုက်ရင် ကျွန်မတို့ ပြန်ပါ့မယ်..."

"ဟေ့......ဒီပါ့နာမည် ဘယ်သူခေါ်တာလဲ

ဒီပါနဲ့ ဘယ်လိုပတ်သတ်လဲ....

အမှန်တိုင်း မပြောနိုင်ရင် လိမ်တဲ့အမှု့ပိုတိုးသွားမယ်

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now