part-14

1.3K 30 9
                                    

အခန်း ၁၄

"ဟေ့ရောင်....ဘယ်လိုဖြစ်လို့ 

ကြက်ကြီး လည်လိမ်ထားသလို ဖြစ်နေတာလဲ

စားစရာရှိတာ စားစမ်းပါကွာ...

မင်းညီမ ဘာမှမဖြစ်ဘူး..."

"ကိုဗစ်တာက ဘယ်လို အာမခံမှာလဲ

သူတို့ကို ခေါ်လာမိတာ မှားပါပြီ....

ငါ့ညီမလေး သွားပြီထင်တယ်..."

"ဝမ်းနည်းမနေနဲ့ ....ဘာမှမဖြစ်ပါဘူးဆိုမှ

မသကာ...ဗိုက်ကြီးယုံပဲ..."

"ဟာဗျာ.....ခင်ဗျားကလဲ"

မင်းထင်က သဘာဝပတ်ဝန်းကျင်ကို လေ့လာကာ သုတေသနလုပ်နေသူမို့ သူ့တာဝန် မပြီးမချင်းလဲ ပြန်လို့ကမဖြစ်သည့်မို့ ခရီးသာဆက်ပြီး စိတ်ကတော့ ညီမစီရောက်နေတော့သည်။

မိုးဟေသီကို စိတ်မချလို့ အေးဇာခြည်နှင့် နွေးဒါလီကို ပြန်ကြည့်ခိုင်းဖို့ကျတော့လည်း တစ်ယောက်ပါသွားတာ အားမရလို့ နောက်နှစ်ယောက်ပါ ထပ်ပါမည်က ကြောက်ရပြန်သည်။

သူမကတော့ သူ့ကို ကူညီနေရသည်မို့ ဘယ်လိုမှ နောက်ကြောင်းပြန်လှည့်လို့က မဖြစ်ပြန် ဗစ်တာတို့ အပြောအဆိုတွေကြည့်တာနှင့် သေချာပေါက် လူပျိုကြီးက မိုးဟေသီကို အပိုင်ချုပ်ဖို့ များနေပြီမို့ ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ပေ

"ကဲပါ....စိတ်မပူပါနဲ့ကွာ....

ဂျောင်းဆွန်က လူကောင်းပါကွာ

ခွန်းနဲ့တောင် နှစ်ပေါင်းများစွာ အတူနေလာတာ

ဘာမှ ဖြစ်ကြတာမှ မဟုတ်တာ....

အရမ်း စိတ်မပူကြနဲ့...."

"ဘဲရီး....အာမတွေ ခံမနေနဲ့

မ နဲ့က သူငယ်ချင်းတွေမို့ ဘာစိတ်မှ ထည့်မရတာလေ

ဒီဘဲက မိန်းမတွေကို ဘယ်တုန်းက ချိုသာဖူးလို့လဲ

ဘေဘေးနဲ့ ဝိုင်းစတာတောင် ခါးခါးသီးသီးဖြစ်နေတာ

ခုမှ ကလေးတွေ ဦးတွေနဲ့ နုရွနေတာနော်

ကျွန်တော်တော့ မထင်ဘူး..."

"ဗစ်တာ....မင်းကတော့လေ..."

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now