part-17

997 25 0
                                    

အခန်း ၁၇

မ တို့ခြံထဲ ရပ်ထားခဲ့သည့် သူ့ကားနှင့် အိမ်ပြန်မည်လုပ်တော့ ရတနာ့ကိုပါ မခေါ်ချင်လဲ ခေါ်ခဲ့ရတော့သည်။ ဒီကောင်မလေး အပြောအဆိုနှင့် မတို့သားအမိ ဆွာပုံကို သိထားသည်ကြောင့် သူမကျန်ခဲ့လျှင် သေချာပေါက် ပွဲဖြစ်မည်ကို သိနေရတော့ကာ တစ်ပါထဲ ခေါ်သွားဖို့ သူစီစဉ်လိုက်သည်ကို မကလဲ လက်ခံလေသည်။

အားလုံးပင်ပန်းလာကြသည်မို့ ပြည့်ပြည့်ဝဝအိမ်မှာ အနားယူရန် မက အမှာပါးကာ ဒီတစ်ရက်တော့ မတွေ့ကြတော့ဖို့ ဆုံးဖြတ်ပေးလိုက်သည်က နည်းလမ်းကျလှပေသည်။ဒါကို သူလည်းလက်ခံကာ အေးဆေးပြန်ခဲ့ပေမဲ့ အိမ်ရောက်လျှင်ရောက်ခြင်း စိတ်ညစ်စရာက စလေတော့သည်။

"သားလေးနဲ့ သမီးလေး ပြန်လာကြပြီလား....

ခုလို အတူဝင်လာကြတော့လဲလေ

နေနှင့်လ ရွှေနှင့်မြလိုပဲ...အရမ်းကြည့်လို့ကောင်းတာပဲ

ဟုတ်တယ်နော် ကိုကို...."

အိမ်ထဲကို ဝင်ဝင်ခြင်း မိထွေးတော်ရဲ့ အသံချွဲပစ်ပစ်က ချီးပုံကြီးတက်နင်းမိလိုက်သလို လူကိုရွံရှာသွားရစေကာ ဒါကို သဘောအကျကြီးကျနေသည့် ဒယ်ဒီက နွားပြာကြီး အောက်သွားမရှိသလို ရုပ်ကြီးနှင့် ဖြီးနေတော့ စိတ်ဆင်းရဲလိုက်လေခြင်းပင်။

"သားနေ ပင်ပန်းလာမှာပေါ့....

ရေမိုးချိုးပြီး ထမင်းဆင်းစားလေ

ပြီးရင် နားနားနေနေ တစ်ရေးအိပ်လိုက်ပါလား"

"ဟုတ်လေးလေး....ကျွန်တော် ရေချိုးဦးမယ်

ထမင်းတော့ မစားတော့ဘူး.....

အပြင်ပြန်ထွက်စရာ ရှိလို့...."

"မင်းက ခုမှရောက်တာ .....

ဘယ်ကို ထပ်သွားဦးမလို့လဲ

ခြေတော်တော် ရှည်တတ်နေပါလား....

ဘယ်လိုဖြစ်တာလဲ...သာဂီ.."

"လေးလေးနဲ့ ဘာမှမဆိုင်ပါဘူး....

အစကတော့ ပြန်လာတာ လေးလေးပြောသလို

လုပ်မလို့ပဲ........

ခုတော့ စိတ်ပြောင်းသွားပြီး

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now