part -13

1.2K 30 6
                                    

အခန်း ၁၃

"မောင်.....တော်တော့ကွာ

မနက်ခရီးဆက်ရဦးမှာ.....

လိမ္မာတယ်နော်...ကလေးက.."

"မရဘူး....မနေ့က မ ပေးတဲ့ဒဏ်ရာတွေကြောင့်

ဘာမှကောင်းကောင်း မနေလိုက်ရဘူး

မနက်လမ်းမလျှောက်နိုင်ရင် မောင်ကုန်းပိုးမယ်"

တိုးတိုးလေးပြောနေကြပေမဲ့ တိတ်ဆိတ်နေသည့် ညဖြစ်နေသည်ကြောင့်ရော တန့်တွေက ကပ်နေသည်ကြောင့် မျက်စိအတင်းပိတ်ထားပြီး ကြားနေရတဲ့ အသံတွေကို အံကြိတ်ကာ တင်းခံထားသော်လည်း ခါးမှဖက်ထားသော မောင့်လက်တွေက သူမဗိုက်သားကို ညှစ်လာသည်မို့ ပိုအနေရခက်လှပေသည်။

မောင်လည်း ကြိုးစားပြီး တောင့်ခံနေရင်း ချွေးပြန်နေလောက်မှာကို လှည့်မကြည့်ရဲသလို လှုပ်တောင် မလှုပ်ရဲတာကြောင့် ညိမ်ညိမ်လေးနေပြီး ကြက်သီးတွေတော့ တော်တော်ထနေရကာ မောင့်အသက်ရှုသံ ပြင်းလာလေ သူမရင်ခုန်သံက ပိုမြန်လာရလေဖြစ်သည်။

ရုတ်တစ်ရပ် မောင့်လက်က သူ့မရင်သားတွေဆီရောက်လာသည်ကြောင့် လန့်ပြီးထအော်ခါနီး ဘရိတ်မြန်မြန်အုပ်ရကာ အသံမထွက်ရဲပဲ မောင့်လက်တွေကို ကြိုးစားပြီး ခွာကြည့်လိုက်တော့ မောင်ကပိုဆိုးလာကာ...

"မ....မောင်...မရတော့ဘူး

မစိတ်ဆိုးလို့ သတ်ချင်လဲ သတ်တော့ဗျာ

မောင် မခံနိုင်တော့ဘူး..."

"ဟင့်အင်း မောင်...."

သူမငြင်းဆန်ဖို့ ကြိုးစားလိုက်ပင်မဲ့ လျှင်မြန်လွန်းသည့် မောင်က သူမကို ပက်လက်ဆွဲလှန်ကာ အပေါ်မှအုပ်မိုးပြီး ပြင်းပြသည့်အနမ်းတွေ စတင်ဖြန့်ကျဲလာတော့သည်။

အရင့်အရင်နေ့တွေက မောင်ထိုသို့နမ်းတတ်ပင်မဲ့ ဒီတစ်ကြိမ်တော့ မတူတော့ပဲ ရမ္မက်တွေပါနေကာ ကြမ်းတမ်းမှု့ကိုလဲ ထုတ်ဖော်ပြသလာသည်က သူမအသက်ရှုတွေပါ ကြပ်လာရသည့်အထိ ပြင်းပြင်းထန်ထန် နမ်းရှိုက်လာကာ

"အရမ်း မရုန်းနဲ့ မ....

မ ရုန်းလဲ မောင် ဆက်သွားမှာပဲ

နံရိုးရဲ့ပိုင်ရှင်လေးOpowieści tętniące życiem. Odkryj je teraz