part -6

1.1K 37 5
                                    

အခန်း ၆

ညကမနေနိုင် မထိုင်နိုင်နှင့် သူမကို သွားတွေ့ပြီးမှ အသဲက ကွဲသလိုလို မကွဲသလိုလိုတွေ ဖြစ်ပြီး ပြန်ခဲ့ရတော့ အိပ်လို့ကလဲမပျော်တော့ပေ။

သူ့ကိုယ်သူ ချစ်နေမှန်း သိနေသော်လည်း ဒါ့ထက်ပိုသေချာအောင် အချိန်ယူပြီး လေ့လာချင်သေးသော်လည်း ဒီပါးစပ်က ဘယ်လိုကဘယ်လို ဖွင့်ပြောမိလိုက်မှန်းကို မသိတော့ပေ။

အငြင်းခံလိုက်ရလျှင်လည်း အကောင်းသား ခုက အငြင်းခံရတာထပ်ဆိုးသည့် လူရာသွင်းမခံရခြင်း ကလေးအထာနှင့် ဆက်ဆံသွားခြင်းမျိုးဖြစ်သည်။

ပိုဆိုးတာက ညီမတွေလို နေချင်ပါသည်ဆိုတော့ ဆင်ကိုးစီးစားမကုန်တဲ့ သူ့ကိုယ်လုံးကြီးကိုမှ အားမနာတော့ဘူးလားဟု ပြန်သာမေးချင်သော်လည်း လူကသာ အကောင်ထွားတာ စိတ်ကနုပြန်တော့ မမေးရဲ မမြန်ရဲနှင့် သူမနှိပ်သမျှ ပါးစပ်ကြီးက ခွေးအကြီး လှည်းနင်းနေရတော့သည်။

သူငယ်ချင်းတွေ ဝိုင်းမေးလို့ အမှန်တိုင်းပြောမိပြန်တော့လည်း အားမနာလျှာမကျိုး ဝိုင်းရယ်ကြတာကြောင့် အရှက်က ကွဲရပြန်သေးသည်။စိတ်ညစ်ညစ်နှင့် အိမ်ပြန်တော့မည်လုပ်မှ ဝိုင်းတားကြပြီး တစ်ခါငြင်းခံရယုံနှင့် လက်မလျှော့ဖို့ ဝိုင်းအားပေးကြလေသည်။

ကလေးလိုမြင်နေလျှင် ကလေးမဟုတ်ကြောင်း သက်သေပြရန်နှင့် အခြောက်မဟုတ်ကြောင်းပါ တစ်ခါထဲသက်သေပြဖို့ ဒီနေ့ပူးပေါင်းပြီး ကြံစီထားကြတော့သည်။

"သားနေ......နေမကောင်းဘူးဆို...."

"ကောင်းနေပါပြီ လေးလေး....

ဘယ်က ဘယ်လိုရောက်လာတာလဲ..."

မ လာမည့်အချိန်မို့ ကုတင်ပေါ်မှာ စောင့်နေတုန်း မ မဟုတ်ပဲ လေးလေးက ရောက်ချလာတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ပေ။

"ညက လေးလေး ဖုန်းဆက်တယ်...

သားနေ သူငယ်ချင်းကိုင်လို့

နေမကောင်းတာ သိတာလေ.....

နေမကောင်းရင် လေးလေးကို အကြောင်းကြားပါလား

ခုတော့ သူများပြောမှ သိရတယ်.....

မင်းမိဘတွေ သိရင် လေးလေးကို အပြစ်တင်နေမယ်"

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now