part-8

1K 31 2
                                    

အခန်း ၈

သူမလာရင် ကိုယ်သွားပေါ့

သူ့အိမ်ကလဲ လက်ခံပြီးနေပြီကို....

မင်းကိုက နေရာတကာ လိုက်တွေးနေတယ်"

"မဟုတ်ပါဘူး.....

ညက ငါလွန်သွားတော့ စိတ်ဆိုးနေမှာပဲလေ

မသိတော့ဘူးကွာ....တစ်ရက်ပဲတွဲပြီး

ကွဲပြီထင်ပါတယ်...."

စိတ်ညစ်လက်ညစ်နှင့် ကုတင်ပေါ်ပက်လက်ကြီး အိပ်နေတော့ ကျော်ကျော်တစ်ယောက် အတင်းဆွဲထူကာ

"ယောက်ျားမဟုတ်ဘူးလား.....

ရည်းစားသဘာဝပဲကွာ နမ်းတာကတော့

အပြစ်မှ မဟုတ်တာ.......

စိတ်ဆိုးသွားလဲ ရအောင်ချော့

နောက်မလုပ်တော့ဘူး ဘာဘူးညာဘူးတွေ

အပိုတွေ လုပ်ပြီးပြောကွာ....

စိတ်ဆိုးပြေသွားမှ ကိုယ်ကြိုက်တာကိုယ်လုပ်ပေါ့

မချော့တက်ရင်လဲ ဘာစကားမှမပြောပဲ

မျက်နှာငယ်နဲ့သာ အနားလိုက်ကပ်နေလိုက်

ဟိုကစိတ်မရှည်လို့ လည်ပင်းထညှစ်လဲခံလိုက်

စိတ်ကောက်ပြေသွားရင် ပြီးတာပဲ....

ဒီတိုင်းကြီးနေနေမှ တကယ်ပြတ်သွားမယ်

ထ.....သွားကြမယ်....ဗိုက်ဆာနေပြီ"

ထမင်းပို့မည့်သူကမလာတော့ သူတို့ပဲသွားဖို့ စိတ်ဆုံးဖြတ်လိုက်ကြကာ တစ်ဖက်ခြံသို့ကူးလာလိုက်ကြတော့သည်။

"ဟယ်.....ကလေးတွေ လာကြ လာကြ

ထမင်းစားချိန်တောင် ကျော်နေပြီ....

မလာကြသေးလို့ ခုပဲ သွားခေါ်ခိုင်းတော့မလို့ကို

ဘယ်လိုဖြစ်ပြီး.....နောက်ကျနေကြတာလဲ"

"ဒီလိုပါ အန်တီ.....ကျွန်တော်တို့က

ကျောင်းပိတ်ထားတယ်ဆိုပေမဲ့

စာတန်းတင်ဖို့ ရှိတယ်လေ......

အဲ့ဒါ လုပ်နေကြရင်း အရှိန်လွန်သွားကြလို့ပါ"

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now