part-21

984 25 0
                                    

အခန်း ၂၁

မောင် နေမကောင်းလို့ သူမအလုပ်ရှုပ်နေသလို မေမေဟာလဲ မင်းထင် မင်္ဂလာကိစ္စကြောင့် ဇာတွေချဲ့ချင်လွန်း အားကြီးပြီး နီတွတ်တို့ဘက်က များများစားစား မတောင်းဆိုတာတောင် အတင်းတွေ တစ်မျိုးပြီးတစ်မျိုး ပေတွေရှည်နေကာ လမ်းသလားပြီးရင်း လမ်းသလားနေတော့သည်။

သမီးဖြစ်နေတော့ အမေစိတ်ချမ်းသာပြီးရောဟု လွှတ်ထားရလေသည်။ မလွှတ်လို့လဲမရ နည်းနည်းလေး ပြောလိုက်မိလျှင် ညည်းမှ မယူတာ ငါ့မှာ ငါ့သမီးပွဲကို မစီစဉ်ရလို့ စီစဉ်လို့ရတဲ့ပွဲတွေ လိုက်လုပ်တယ်ဟယ် မကျေနပ် ညည်းယူလိုက်လို့ ပြောခံရလွန်းလို့ ပြောကို မပြောရဲတော့ပေ။ တော်နေကြာ မောင့်မှာ ကျောင်းမပြီးပဲ အမေလုပ်တာနှင့် ကလေးတွဲလောင်းနှင့် ကျောင်းဆက်တက်ရမည့် အဖြစ်မျိုးတော့ သူမလက်မခံနိုင်ပေ....

ကျောင်းသားဘဝလေးတော့ မောင့်ကို လွတ်လွတ်လပ်လပ် ရှိနေစေချင်တာက သူမစေတနာပါ အိမ်ထောင်ပြုပြီး အိမ်ထောင်သည် ဘဝကြီးက တစ်သက်လုံးဖြစ်နေတော့မှာကို အလျှင်စလို မလုပ်ချင်ပါ။

သူမအသက်ကြီးသွားမည်ဆိုတာ မှန်သော်လည်း မောင်က ငယ်သေးသည်လေ မောင့်ရဲ့ လွတ်လပ်ခွင့်ကို သူမကြောင့်တော့ အဆုံးရှုံးမခံသင့်ပေ။ ဒီနောက်ပိုင်း အမေ့ကို နားချလွန်းလို့သာ အမေဟာ မောင့်ရှေ့တွင် ဒါမျိုးတွေ မပြောတော့ပေမဲ့ နှစ်ယောက်တည်းရှိလျှင်တော့ နားပူအောင်ကို တောက်လျှောက်လွှတ်နိုင်သူမို့ လုပ်ချင်တာလုပ်ပါစေဟုသာ မပြောပဲ ကြည့်နေရတော့သည်။

တစ်ခါတစ်လေ နီတွတ်အမေနှင့် အပြင်တွေသွားလွန်းလို့ ပြောချင်နေတဲ့ ပါးစပ်ကို မနည်း ဘရိပ်အုပ်နေရကာ ပြောခွင့်ရမည် ဆိုလို့ကတော့ အုပ်ထိန်းသူနေရာဝင်ပြီး 

အမေက ယောက်ျားအိမ်မှာ မရှိလို့ သွားချင်တာသွားတာ ဘာမှမဖြစ်ဘူး နီတွတ်အမေက သူ့ယောက်ျားငုတ်တုတ်ကြီး ကြာရင် အမေကြောင့်အကွဲအပြဲ ဖြစ်တော့မယ်ဟုသာ ပြောချလိုက်ချင်တော့သည်။ အဲ့ကျရင်တော့ ငါအမေလား ညည်းအမေလားနှင့် ဆုံးမ မရသောလူကြီးတွေရဲ့ ဇာတိပြလာပေတော့မည်က ပြေးမကြည့်နှင့် တွေးကြည့်တာနှင့်ကို သိနေရပါသည်။

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now