နံရိုးရဲ့ပိုင်ရှင်လေး part -1

5.4K 74 6
                                    


အခန်း ၁

"ဟဲ့.....ကမ

အိမ်ရှေ့မှာ စာတွေ့လာတယ်

ညည်းတူမတွေကို ဖွန်ကြောင်ထားတဲ့ဟာ ထင်တယ်

မှန်းဇမ်း......ဘာတွေရေးထားလဲ

စပ်စုကြည့်မယ်...."

"နင်လဲ အဲ့စိတ်နဲ့ပဲ သေမယ်

သူများစားကို ဖတ်ပြီး ဖီးလ်ပဲတက်မနေနဲ့

လင်လိုချင်ရင် ယူပါလား...."

ခြံထောင့်က ဘုံဘိုင်ဘေး အကျအနထိုင်ပြီး အဝတ်တွေ အားရပါးရလျှော်နေချိန် သူငယ်ချင်းဖြစ်သူ အပျိုးကြီး နီတွတ်ရောက်လာကာ ထုံးစံအတိုင်း အတင်းပြောမယ် မျှော်လင့်မိသော်လည်း မပြောနိုင်ပဲ စာအိတ်ကိုသာ မဲနေသည်မို့ သူမမျက်စောင်းထိုးကာ စောင့်အောင့်ပြောလိုက်သည်နှင့် စာအိတ်ကို ဗြိခနဲ ဆွဲဖြဲပြီး မျက်စောင်းပြန်းထိုးကာ

"ဟဲ့.....ငါ့ကိုပဲမပြောနဲ့

နင်တောင် လင်မလိုချင်လို့ ပတ်ပြေးနေတာ

၃၃နှစ်ပြည့်တော့မယ် မှတ်လား...

ဘူဘူချင်းကို တစ်ကလာကြီးချင်နေသေးတယ်

နင် စိတ်မဝင်စားရင်နေ...

ငါ့ဟာငါ ဖတ်တော့မယ်"

"ဘယ်သူက စိတ်မဝင်စားဘူးပြောနေလို့လဲ

ကမ မြန်မြန်ဖတ် ......

ဘယ်လိုတွေ အနုအရွတွေ ရေးထားလဲ

ကြည့်မယ်လေ......

အင်တာနက်ခေတ်ကြီးမှာ စာပို့တယ်ဆိုတော့

ကဗျာတော့ ဆန်သားဟ.....

ဘယ်သူ့ဟာလေးလဲ မသိဘူး

သူ့အစား ရင်ခုန်ကျိကျိမယ်

အဟီးး.."

မသိတာကျနေတာပဲဆိုသည့်ပုံနှင့် နီတွတ်မျက်စောင်း ထပ်ကျလာတော့ အစွမ်းကုန် သွားဖြဲပြရင်း အဝတ်ဆက်လျှော်နေကာ စာဖတ်ပြမည့်နီတွတ်ကတော့ ချောင်းဟန့်ရင်း အသံနေအသံထားမှန်အောင် ကီးချိန်နေတော့သည်။

"ဟဲလို...မမတဲ့"

"ဟဲ့ မမဆိုတော့ ....

အကြီးမကို ပေးတဲ့စာဖြစ်မယ်"

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now