17 .

762 107 9
                                    

17. Planning
Moon LayMarch 18, 2024

ချွေးမသုံးယောက်သည် သူတို့၏ယောက္ခမ(ထီး) ပြောသည်ကိုကြားသောအခါ သူတို့၏နှလုံးသားသည် စကားလုံးများနှင့်ပြောမပြတတ်အောင် ထိမိသွားခဲ့ရသည်။အမျိုးသီးကျန့်သည် မျက်လုံးများရဲပြီး "အဖေ! သမီး ဒီသားစုကို လက်ထပ်ဝင်လာချိန်ထဲကဒုက္ခမခံခဲ့ရပါဘူး။အဖေ နဲ့ အမေ သမီးအရင်းတစ်ယောက်လိုတန်ဖိုးထားခဲ့တယ်။သမီးလည်း မိဘ အရင်းတွေလို ပြုစု တာပါ။ ဒီပိုဆံတွေကို ဘယ်လိုယူနိုင်မှာလဲ။မိသားစု ကောင်းနေသ၍ သမီး‌ေကျနပ်ပါတယ် " ဟုပြောလိုက်ပါသည်။

အမျိုးသမီးလီက ယောင်းမကြီး ပြောပြီးနောက်ဆက်ပြောလိုက်သည်။" အဖေ ဒါက သမီးတို့အတွက် ဘယ်မှန်မှာလဲ။ သမီးတို့က မိဘတွေကို အလုပ်ကျွေးပြုသင့်တာပဲလေ။ဘယ်ယောက္ခမက ချွေးမတွေ‌အပေါ်ကောင်းလုဲ့။သမီးတ်ု ဒီပိုက်ဆံကိုမယူနိုင်ပါဘူး။

အမျိုးသမီးလင်းကဆို့နင့်သွားပြီး " အဖေ နဲ့အမေ  မထမယောင်းမ နဲ့ ဒုတိယ ယောင်းမ ပြောတာက သမီးပြောချင်တဲ့အရာပါပဲ။ဒီချွေးမက ပိုဆံသုံးစရာ နေရာလည်းမရှိပါဘူး။ ဒီပိုက်ဆံတွေကို ကလေးတွေ အကယ်ဒမီ သွားဖို့အတွက် အရံအနေနှင့် သိမ်းထားသင့်တယ်။

အမျိုးသီးဝမ်က ချွေးမ သုံးယောက်၏ ငဲ့ ညှာ မှုကိုမြင်သော အခါ " ဒီနေ့က မိသားစု၏ ပျော်စရာပွဲ ပဲ။ ငွေတွေလည်း အများကြီးရလာ ခဲ့တယ်။ငါတို့ပျော်နေသင့်တယ်။ကလေးတွေ ကျောင်းသွားဖို့က မစိုးရိမ်ပါနဲ့။နင် တို့ ဒီတံခါးက နေဝင်လာချိန်ကတည်းက  ဒီယောက္ခမက ခန်းဝင်ပစ္စည်းတွေ မ‌လိုချင်ပါဘူး။ ဒါပေမဲ့ လည်း အခြးလူတွေ၏ ဟာသ လုပ်တာကိုခံရလိမ့်မယ်။ဒီမိဘ၏ နှလုံးသားထဲမှာ  အပြစ်ရှိသလို ခံစားရတယ်။ဒီငွေတွေ ကိုယူလိုက်ပါ။ ပြီးနောက် ကောင်းတာတစ်ခုခု ဝယ်ပြီး မင်းမိဘအိမ်ကို ပြန်ကြ။ဒါက ငါလုပ်ပေးနိုင်တဲ့အပိုင်းလေးပဲ။" ဟုပြောလိုက်သည်။ ပြောပြီးနောက် အိမ်ထဲ လှည့်သွားပြီး ငွေ ခြောက်တေးလ် ယူပြီး ပြန်လာခဲ့သည်။ထို့နောက် ငွေ အသီးသီး ကို သူတို့၏ ချွေးမ များလက်ထဲ ထည့်ပေးလိုက်သည်။

ချွေးမ သုံးယောက် သည် ဒါကိုမြင်တော့ ဘယ်လိုလုပ်ရမလြ မသိဖြစ်သွားသည်။သူတို့တွေသည် သူတို့၏ ယောက်ျားများကို ကြည့်လိုက်ကြသည်။ သူတို့၏ ယောက်ျားများခေါင်းညှိတ်ပြသည်ကို မြင်မှသာ ရွေးချယ်စရာမရှိလက်ခံလိုက်ရသည်။

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now