6

884 110 9
                                    

6.Going out


အကြီးအကိုက ရှောင်လင်းရဲ့ အမှုအရာကိုမြင်တော့ ပြုံးပြီ သူမဆီလှမ်းလာကာချီပြီးချပေးလိုက်တယ် ။

ဒါကိုမြင်တော့ အကိုသုံး(တတိယအကို)ကအမြန်လှမ်းလာပြီးသူ့ရဲ့အင်္ကျီလက်နဲ့ ရှောင်လင်းရဲ့မျက်နှာမှာရျိတဲ့တံတွေးကို ဂရုတစိုက်နဲ့သုတ်ပေးလိုက်တယ် ။ သူမရဲ့ ဒဏ်ရာတွေကို မထိအောင်‌အပြုအမူတွေကညင်သာနေလေရဲ့

ညီအကိုခြေက်ယောက်ထဲမှာအရယ်ရဆုံးကတော့ အကိုငါးး(ငါးယောက်မြောက်အကို) ရှုဇီကျဲ့ ပဲ ။ သူကအိပ်ယာရဲ့ အစွန်းမှာထိုင်ပြီး သူ့ သူငယ်ချင်းတွေနဲ့ကစားတုန်းကကုံတွေ့ရတဲ့ ရယ်စရာအဖြစ်အပျက်တွေကိုပြောပြနေတယ် ။ သူ့ရဲ့မပြုအမူတွေက ရယ်စရာကောင်းလွန်းလို့ အကုန်လုံးက သဘောတကျနဲ့ ကျယ်လောင်စွာရယ်နေကြတယ်။

လင်ညီမ သုံးယောက်ဟာ အခန်းအပြင်ဘက်ကနေ ကလေးတွေရဲ့ရယ်သံကိုကြားတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးပြုံးလိုက်ကြတယ်"ချီပေါင်ဒဏ်ရာရပြီးကိုမာဝင်နေတုန်းက နေ့ရက်တွေဟာရှည်လျားပြီး မှောင်မိုက်နေတာပဲ။ အမြဲ ဆူညံနှောက်ယှက်နေတဲ့ ဇီကျဲ့တောင်မျာ စကားမပြောတော့ပဲ စိတ်လွတ်နေတတ်တယ်။ ချီပေါင်လဲနိုးလာရော  ခုံပေါက်နေတာမျောက်ကလေးအတိုင်းပဲ"အဒေါ်နှစ်(ဒုတိယအဒေါ်)ကပြုံးပြီးပြောတယ်

"ကလေးတွေက အချင်းချင်းကြင်ကြင်နာနာရှိပြီးတော့ ချီပေါင်လေးကိုအရာအရာပေးတယ်။ သူတို့ညီမအငယ်ဆုံ‌းလေးကို ကြင်နာပြီးဘယ်လိုကာကွယ်ပေးရမလဲပဲစဥ်းစား‌ေနကြတယ်" မစ္စစ်ကျန့်ကပြောလိုက်တယ်


လင်းဟောင်လန်ကသက်ပြင်းချပြီး " ကျွန်မတို့ချီပေါင်လေးကို အိမ်မှာတဲ့လူတိုင်းကချစ်ကြတယ် ။  ပြောရရင် ပထမယောက်မနဲ့ ဒုတိယယောက်မကို အားနာမိတယ် ။ အရသာရှိတဲ့ဘယ်အရာဖြစ်ဖြစ်သူမကိုကျွေးကြတယ်။ ဝမ်ဝုနဲ့အခြားကလေးတွေကလည်းကြီးထွားဖွံဖြိုးစပဲရှိသေးတယ် ။ ကျွန်မတကယ်ပဲမရှက်ရမိတယ်"

မစ္စစ်ကျန့်ကရုတ်တစ်ရက်ပြန်ပြောလိုက်တယ်"ငါဒါကိုမကြားချင်ဘူးနော် ။ ဘယ်လိုအပြုအမူလဲ ။ ချီပေါင်လေးက မိသားစုရဲ့အငယ်ဆုံလေးလေ။ ပြီးတော့တစ်ဦးတည်းသော မိန်းခလေး။ သူမက ဘယ်လိုပြုမူရမယ် ဘယ်လောက်ယုံကြည်ထိုက်လဲ။ဒီလိုမိန်းခလေးကိုဘယ်သူကမချစ်ပဲနေနိုင်မှာလဲ ။ ပြောရရင် ဒီကာလမှာ ဘယ်မိသားစုမှအဆင်ပြေတာရယ်မရှိပါဘူး။ အကုန်ဒီလိုချည်းပါပဲ။ ဒီတော့ အကိုကြီးတွေက သူတို့ညီမငယ်လေးကိုဂရုစိုက်ပေးတာ မှန်ကန်တဲ့အရာပဲ"

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now