20(1)

629 92 4
                                    

20. Selling Vegetables (1)
March 22, 2024 by Moon Lay

ယနေ့ည၏ အစားအစာများသည် အထူးသဖြင့် အဆီများနှင့်‌ပြည့်နေလေသည် ။ စားစရာများစားပွဲပေါ်သို့ရောက်သည် ထိတိုင်အောင် ဟင်းရနံ့များသည် တစ်အိမ်လုံးပျံ့နှံ့နေလေသည်။ ကောင်ကလေးများသည် မမြင်ဖူးသော ဟင်းသီးဟင်းရွက်များ၏ အရသာ များ ဘယ်လိုရှိမည်ကို မြည်းစမ်းရန် မစောင့်နိုင်ကြတော့ပေ။ 

သို့သော် တူများကိုရွေ့ ရန် တိုက်တွန်းနေမှုကို  တင်းခံနေကြရသည်။ သူတို့အဘိုး၏ ပထမဆုံးတူရွေ့မှုကိုစောင့်နေလိုက်ကြသည်။ ထို့နောက်မှာတော့ သူတို့သည် အချိန်အကြာကြီးစောင့်ကြည့်နေရသော အရသာရှိသည့် စားစရာများဆီသို့ တူလှမ်းဖို့ရန် မစောင့်နိုင်ကြတော့ပေ။ 

လူတိုင်းသည် စားစရာများကို ပထမဆုံးတစ်လုပ် စားလိုက်သည့်အချိန်မှာပင်   သူတို့၏ စားစရာများကို ပါးစပ်ထဲတွင် ငုံ့ပြီးဝါးနေကြသည်။ထိုအချိန်မှာပင် ရှောင်လု သည် အံ့အားသင့်စွာ နှင့်" ညီမလေး ဒါက အရမ်းအရသာရှိတာပဲ  မဟုတ်လား ? ဒါက ချဉ်တယ် ။ ဒါကို အနီရောင်အသီးနဲ့ လုပ်ထားတာ လား ? " 

ချီပေါင်သည် ရှောင်းလု၏စကားကို နားထောင်ပြီးနောက်မှာ ပြန်ပြောလိုက်သည်။ " ဒါကို ခရမ်းချဉ် သီးလို့ခေါ်တယ်။ အကို လုက ဒါတွေကိုစားရတာကြိုက်တယ်။ ဒါဆိုရင် ဒီနေ့ကနေစပြီး  သမီးတို့က ဒါကို နေ့တိုင်းစားလို့ရပြီ ။" 

အခြားကလေးများကလည်း သူတို့၏ ညီမလေးပြောသည်ကို ကြားသော အခါ သူတို့တို့၏ခေါင်းကို ပျော်ရွှင်စွာ ညှိတ်လိုက်ကြသည်။ သူတို့သည် တူဖြင့် အစားအစာများကို ပန်းကန်ထဲထည့်နေကြပြီး သူတို့၏ပါးစပ်လေးများသည် စကားပြောရင်းအလုပ်ရှုပ်နေကြသည်။ လူကြီးတွေတောင်မှ  စားနေရင်းပင် ထပ်ခါတလဲလဲ ခေါင်းညှိတ်ပြီး ထိုအရာများက အရသာ ရှိကြောင်းပြောနေကြသည်။

လူတိုင်း၏ ပန်းကန်လုံးထဲတွင် ကြည်လင်နေသောဆန်များနှင့်ပြည့်နေလေသည်။ဆန်များသည် အသီးအရွက်စွပ်ပြုတ် ထဲမှာမြုပ်နေပြီး ထမင်းအပိုများထပ်ယူသည်ကို တော့ပြောမပြနိုင်တေ့ာပေ။ လေပြင်းများ တိမ်များ ( လေပြင်းမုန်တိုင်း ) တိုက်ခတ်လိုက်သကဲ့သို့ စားပွဲပေါ်ရှိ  ပန်းကန်များ အိုးများအတွင်းဘာမှမရှိတော့ပေ။ ကုန်ကုန်ပြောရရင် စွပ်ပြုတ် တောင်မကျန်ခဲ့ပေ။ လူတိုင်းသည် သူတို့၏ ဝမ်းဗိုက်များကို ပွတ်နေပြီး စားစရာများကို  ထပ်မံ အရသာခံချင်နေပုံများဖြင့်ကြည့်နေကြသေးသည်။ 

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now