20(2)

487 62 0
                                    

20. Selling Vegetables ( 2)
Moon LayMarch 23, 2024

အကိုနှင့် ညီမ  တို့ ခုနစ်ယောက်သည် အိမ်‌ခြံဝန်းအတွင်းရှိတန်းယား တွင်ထိုင်နေကြသည်။အကြီးဆုံးအကိုသည် နူးညံ့စွာ နှင့်ပြောလိုက်သည်။

" ညီမလေး  ဒါက ငါတို့မိသားစုလား ။ ဘာကေုာင့်အစစ်အမှန် မဟုတ်သလို ခံစားနေရတာလဲ။ "  သူ၏မျက်နှာ တွင် ပျော်ရွှင်နေသော အပြုံးလေး ရှိနေသည်။ မိသားစုထဲရှိ ကလေးများတွင် သူသည် အကြီးဆုံးဖြစ်သောကြောင့်  လူကြီးများကို ဝမ်းကွဲမောင် နှမများကို ထိန်းပေးရန် ကူညီပေးရသည်သာမက အိမ်မှာရှိသော တတ်နိုင်သမျှအလုပ်များကို လည်းကူ ညီပေးရသည်။ အများအားဖြင်း ပြေ။စရာမရှိပေမဲ့  အငယ်ဆုံးဝမ်းကွဲလေးကို တော့ စိတ်ပူရတယ်။  အငယ်ဆုံးလေး က အကြီးဆုံးအကို၏ ပြောစကားများကို နားထောင် လေ သည်။

တတိယ အကိုက " အကိုကြီး ဒါက ကျွန်တော်တို့ရဲ့ အိမ်ပါ။ ကျွန်တော်တို့ အခု ပိုပြီးကောင်းလာပြီ။။ ကျွန်တော်တို့ ဆန်ချောကိုလည်းစားနိုင်ပြီး အရသာရှိတဲ့ အသီးတွေ လည်း စားနိုင်တယ်။ဥယျာဉ် ထဲမှာလည်း အဆုံးမရှိ ဟင်းသီးဟင်းရွက်တွေအများကြီးရှိတယ်။ကျွန်တော်တို့တွေ ကျောင်းကိုသွားလို့ရပြီး အိမ်အသစ်ကြီးမှာ လည်းနေထိုင်ရတော့မယ် ။ဒါက အိမ်မက်မဟုတ် ပါဘူး" ဟုပြောလိုက်လေသည်။



အရိုးသားဆုံးဖြစ်သော ရှောင်းဝု တောင်မှ ကျီစား လိုက်သည်။  " ဟုတ်တယ် ၊ကျွန်တော်လည်း အနာဂါတ်ကျရင် ညီမလေးဆီကနေ လက်မှုပညာ သင်ယူနိုင်တော့မယ်။ဒါက အမှန်ပဲ။ အိပ်မက်မဟုတ်ဘူး "



ချီပေါင်သည် သူ၏အကိုများပြောသည်ကို ကြားသော အခါ လှိုက်လှိုက် လှဲလှဲ ဖြင့်  " အကိုတို့  ဒါက အစပဲရှိသေးတယ်။ နောက်ပိုင်းကျ ယခုထက် ပိုပိုပြီးကောင်းလာလိမ့်မယ်။အကို တို့ စားချင်တာ မှန်ငမျှ ဝယ်စားနိုင်မယ် ၊ လိုချင်တာမှန်သမျှ ရနိုင်မယ်။ သွားချင်တဲ့နေရာ သွားနိုင်ပြီး လုပ်ချင်တာ မှန်သမျှ လုပ်နိုင်လိမ့်မယ် "

ကောင်ကလေးအုပ်စုသည် သူတို့၏ ညီမလေးပြောသည်ကိုကြားသောအခါ သူတို့၏ အနာဂါတ်ကို ကြိုတင်မျှော်လင့် ပြီး ရူးရူးမူးမူး ရယ်လိုက်ကြသည်။

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now