19(p.1)

653 94 1
                                    

19. Upgrade(1)
Moon LayMarch 21, 2024


အမျိုးသမီးဝမ်သည် သူမ၏ လက်ထဲတွင် အတွင်းဝတ်အတွက် အဖြူရောင်အထည်လိပ်ကိုကိုင်ထားပြီး ဒီတစ်ခုက ချီပေါင့်အတွက် ချုပ်ပေးဖို့ ဟု ပြောလိုက်သည်။

သူမသည် သက်ပြင်းချ လိုက်ပြီး " ငါတို့ ရှုမိသားစု ဟောင်းက ချီပေါင့်ကြောင့် ကြီးကျယ်ခမ်းနားလာလိမ့်မယ်။ သမီးတို့ သုံးယောက် သတိရ ရမယ်။ အနာဂါတ်မှာ ရှုမိသားစု ဘာပဲဖြစ်လာဖြစ်လာ  ကိုယ့်မိသားစု၏ အကျိုးစီးပွားကြောင့် ရန်ဖြစ်တာမျို့တွေ မလုပ်ကြနဲ့ ။အနာဂါတ် မှာ မင်းတို့၏ နှလုံးသားတွေ က ပိုပြီးစည်းလုံးနေရမယ်။ခက်ခဲတဲ့ အချိန်တွေကို ကြောက်နေလာ ?"

(အနာဂါတ်မှာကြီးပွားလာတဲ့အခါ ခက်ခဲ ခဲ့တဲ့ ဒီအချိန်တွေကို မမေ့ ဘဲ အမြဲစည်းလုံးနေကြရမယ်။ ကိုယ့်ကျိုးစီးပွားကြောင့် စိတ်ဝမ်းမကွဲကြနဲ့  လို့ပြောချင်တာပါ ။ ရှင်းအောင်မရေးတတ်လို့ )



ညီမအရင်းများကဲ့သို ဆက်ဆံကြသော ‌ချွေးမများသည် သူတို့ယောက္ခမ ၏ စကားများကို ကြားသောအခါ  တစ်ဦးနှင့်တစ်ဦးပြုံးကာ ကြည့်လိုက်ကြသည်။ " အမေ ! အမေ ပြောချင်တာ ကို  သမီးတို့ နားလည် ပါတယ်။ သမီးတို့မိသားစုမှာ လူဦးရေ ဘယ်လောက်ပဲ များများ ။ဘယ်လောက်ပဲထင်ရှားကျော်ကြားလာပါစေ သူမီးတို့က စည်းလုံးနေမှာပါ။ဒါ့အပြင် ချီပေါင့်ကို ကျွန်မ၏ သမီးအရင်းရတာနာလေးလိုချစ်ပါတယ်။ပြီးတော့ မိသားစုအတွက် ချီပေါင်ယူဆောင်လာသော ကောင်းချီးမင်္ဂလာများကြောင့် ကျွန်မတို့ အခုပျော်ရွှင်မှုတွေ ခံစားနေရ တာပဲလေ "

အမျိုးသမီးလီက ပြောလိုက်သည်။ " ယောက်မ ပြောတာ အမှန်ပဲ။ ကျွန်မက ကြင်နာတတ်သူမဟုတ် ပေမဲ့ အမြင်ကျဉ်းသူလည်းမဟုတ်ပါဘူး။။ လင်း ကလည်း ထောက်ခံလိုက်သည်။

အမျိုးသမီးဝမ်သည် သူမ၏ ချွေးမများပြောသည်ကို ကြားရသောအခါ စိတ်သက်သာရာ ရသွားခဲ့ သည်။

အဓိက ခန်းမထဲ၌ ချီပေါင်က လူအိုကြီးကိုပြောလိုက်သည်။ " အဘိုး  အနက်ဖြန်ရောက်ရင် ဦးလေးကို ကျေးရွာခေါင်းဆောင်ဘိုးဘိုး၏အိမ်မှာ နွားလှည်းသွားငှားဖို့ စုံစမ်းခိုင်းပါ။ ဟင်းသီးဟင်းရွက်သေတ္တာနည်းနည်းလောက် မြို့ကိုယူသွားပြီး သွားရောင်းရအောင်။ သမီးစဉ်းစားနေတာ မြို့မှာ ဘယ်သူ့က အကြီးဆုံးစားသောက်ဆိုင်ပိုင်တာလဲ။"

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now