10

774 106 8
                                    

10. Shock

သူတို့အဓိကခန်းမထဲရောက်ပြီး ထိုင်ပြီးနောက်  ရှုရီချန်းက ပြုံးပြီး ချီပေါင် ကိုကျီစယ်လိုက်တယ် " "သမီးလေ တောင်ပေါ်ကနေ အရသာ ရှိတာတွေ  တွေ့ လို့ အဖေ့အတွက် ပြန်ယူခဲ့တာလား"

ချီပေါင်က ပြုံးပြီးခေါင်းခါလိုက်သည်။သူမရဲ့လက်က အတွင်းအင်္ကျီထဲရောက်သွားပြီး သူမနဲ့ အနီးဆုံးနေရာမှာ သိမ်းထားတဲ့ ဂျင်ဆင်း ကို ထုတ်ယူလိုက်တယ် ။  တစ်မိသားစုလုံးက မထမအနေနဲ့ ရင်သပ်ရှုမောဖြစ်သွားခဲ့သော်လည်း  ဒီအရုပ်လေးက ဘာလေးမှန်းမသိသေးလို့ သူတို့ရဲ့မျက်နှာမှာ ပဟေဠိဆန်တဲ့ အကြည့်လေးတွေရှိနေသေးသည်။

ထိုအချိန်မှာပဲ ဒုတိယ ဦးလေးက မယုံကြည်နိုင်စွာ ထစ်ထစ်ငေါ့ငေါ့ ဖြင့် " ဒီဟာ  ဒီဟာ  က ဂျင်ဆင်းမဟုတ်ဘူး မလား။" ညီအကို သုံးယောက်ထဲမှာ ဒုတိယဦးလေးက အမြန်ဆုံး တွေးနိုင်ခဲ့သည်။ သူ အရင် တုန်းက မြို့ထဲက ဆေးဆိုင်ရဲ့ဘေး မှာအလုပ်လုပ်ခဲ့ဖူးသည်း ။ ထိုဆေးဆိုင်က ဂျင်းဆင်းရိုင်းတစ်ခုကို ရရှိခဲ့သည်။ ထိုအချိန် ဆေးဆိုင်ပိုင်ရှင်က စိတ်လှုပ်ရှားစွာနှင့်ပလုံးပထွေးပြောခဲ့သည် ။ ဒါကိုမြို့ထဲက လူတွေကြားခဲ့ကြသည်။ ပျော်ရွှင်မှုမှာ ပါဝင်ဆင်နွှဲဖို့ တော့ ကျော်သွားခဲ့ပြီးဖြစ်တယ် ။  ရှုရီဟွ က အဓိက မိသားစု၏ပျက်ကွက်မှု(အံအားသင့်နေမှု) ကို အခွင့်ကောင်းယူပြီး ရှားပါးပစ္စည်းဖြစ်တဲ့ ဈေးကြီးလှတဲ့ ဂျင်ဆင်းဟုတ်မဟုတ် ကို ကြည့်ဖို့ အတွက်  အိမ်တံခါးကို ပိတ်လိုက်သည်။ သူသည် ချီပေါင်ပြန် ယူလာတဲ့ ဂျင်ဆင်း ကို သေချာကြည့်လိုက် ပြီး "ဒါ တကယ် ကြီး ဂျင်ဆင်းဖြစ်ပုံပဲ ..!!!"

" ဘာာ! သား မင်း‌ဘာပြောလိုက်တာ ။ဒါက တကယ်ကြီးဂျင်ဆင်း !!"ရှုတရှန်း အကြီးအကျယ်အံ့အားသင့်သွားခဲ့သည်။။ ဘေးနားမှာ ရှိနေတဲ့ မိသားစုတွေလည်း မူးမေ့သတိလစ်သွားစေခဲ့သည်။ဂျင်ဆင်းဆိုတာ တန်ဖိုးကြီးမားတဲ့ အရာဖြစ်သည်။။ဂျင်ဆင်းက အသက်ရှည်စေပြီး လူတွေကို ကယ်တင်နိုင်သည်ဟု ပြောခဲ့ကြသည်။ဒီလိုတန်ဖိုးရှိတဲ့ အရာတစ်ခုသည် သူတို့ လယ်သမားတွေရဲ့ အိမ်မျာ ပေါ်ထွက်လာမည် ဆိုသည်မှာ စိတ်မကူးရဲ့ သည့် အရာတစ်ခုပင်ဖြစ်သည်။ 

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now