9

817 132 33
                                    

9.inquiry

ကောင်ကလေးအုပ်စုက လမ်းအတိုင်းအိမ်အထိပြေးလာခဲ့ကြသည်။ သူတိုခြံထဲမရောက်ခင်မှာ ပင် မီးဖိုချောင်ထဲအလုပ်ရှုပ်နေတဲ့ မစ္စစ်ဝမ်က သူတို့ရှုထုတ်လိုက်တဲ့မောဟိုက်သံတွေကိုကြားပြီး အမြန်ပြေးထွက်လာခဲ့သည်။ "ဘာလို့ပြေးရတာကို အဲ့လောက်သဘောကျနေတာလဲ ။ လဲကျသွားရင် ဘယ်လိုလုပ်မလဲ" သူက ပိန်ခြောက်နေတဲ့ ကောင်ကလေး အုပ်စုကို ဗလာ သက်သက်ကြည့်ပြီးမေးလိုက်တယ်။ပြီးနောက် ချီပေါင့်ရဲ့ မျက်နှာက ရျက်သေါးဖြာနေတဲ့အပြုံးလေးကိုမြင်လိုက်တယ်။ သူမရဲ့နှလုံးသားလေနူးည့့သွားခဲ့တယ်။ ချီပေါင့်ဆီလျင်မြန်စွာလှမ်းလာပြီး သူမရဲ့လက်မောင်းတွေထဲဆွဲယူလိုက်တယ် ။ပြီးတော့အကြောင်းအရင်းကိုမေးလိုက်တယ် " ချီပေါင် ဘာလို့မြန်မြန်ပြေးလာရတာလဲ ။ ခေါင်းက ဒဏ်ရာက လုံုးဝအရှင်းမပျောက်သေးဘူးလေး ။နောက်တစ်ခေါက် ဒဏ်ရာရမှာမကြောက်ဘူးလား "သူမက ထိုသို့မေးရင်း သူမရဲ့မြေးမလေး ခန္ဓာကိုယ်မှာ အခြားဒဏ်ရာတွေရှိမရှိ စစ်ဆေးလိုက်ပြီးတော့ ချီပေါင့် အင်္ကျီက ရွံ့တွေကို ပုတ်ထုတ်ပေးလိုက်တယ် ။

အဲ့ဒီ့အချိန်မှာပဲ ဒုတိယအကို ရှုဇီရုန်က သူ့နောက်မှာဝှက်ထားတဲ့ ရစ်ငှက်ကိုသူ့အဘွားဆီမြှောက်ပြလိုက်ပြီး "အဘွား  ဒါဘာလဲကြည့်လိုက်ပါအူး"

မစ္စစ်ဝမ်က သူမရဲ့ဒုတိယမြေးလက်ထဲကရစ်ငှက်ကိုမြင်တော့ အံ့အားသင့်စွာနှင့် " ဒီရစ်ငှက်ကို ဘယ်နေရာကရလာတာလဲ" လို့မေးလိုက်တယ်

ယောက်မသုံးယောက်ဟာ အဖာတွေရှိတဲ့ အဝတ်အစားတွေနဲ့ အိမ်ထဲကထွက်လာတဲ့အချိန် သူ့ယောက္ခမရဲ့အံအားတကြိးနဲ့ အိမ်အပြင်ပြေးထွက်သွားသံကိုကြားလိုက်ရတယ် ။ အမျိုးသမီးကျန့်လည်း သူမသားလက်ထဲက ရစ်ငှက်ကိုမြင်တော့ အံ့အားသင့်သွားပြီး ချက်ချင်းမေး လိုက်တယ်  ။

" ဒုတိယသား ဒီရစ်ငှက်ကိုဘယ်‌ေနရာကနေရလာတာဲ" သူမတို့မိသားစုက ဆင်းရဲပေမဲ့ ပစ္စည်ခိုးခြင်းလို ညစ်ပတ်တဲ့အလုပ်မျိုးကို‌ေတာ့ လက်မခံနိုင်ဘူးလေ။

ရှုဇီရုန်က သူ့အမေပြောတာ‌ကြားတော့ လျင်မြန်စွာရှင်းပြလိုက်တယ် " အမေ နားလည်မှုလွဲနေပြီ။ ဒီရစ်ငှက် က ညီမလေးချီပေါင် တောင်ပေါ်ကနေ
ဖမ်းလာခဲ့တာပါ။အမေ မယုံရင် အကိုကြီးတို့ ညီလေးတို့ကို မေးကြည့်ပါ။ " ကောင်ကလေးအုပ်စုက ဒုတိယအကို ပြောတာကြားတော့ သူတို့ရဲ့ အကြီးဆုံးအဒေါ် မယုံမှာစိုး ၍ ခေါင်းကိုလျင်မြန်စွာညှိတ် ပြလိုက်တယ် ။

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now