16 (1)

728 106 9
                                    

16.Going Home ,#1
Moon LayMarch 17, 2024

ဆိုင်ရှင်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ရှုတပေါင်လက်ထဲ ငွေဆယ်ချောင်း ယူပြီး နောက် ကောင်တာဆီသို့ လှည့်ထွက်သွားလိုက်သည်။ ပြီးနောက် ငွေနှစ်တေးလ် ကို ရှုတပေါင်လက်ထဲပြန်ထည့်ပေးလိုက်ရင်း " အကိုကြီးတို့  ကျွန်မ ခန့်မှန်းရရင် ဒီပိတ်စတွေကို ပြန်ယူဖို့အတွက် အဆင်မပြေဘူးမဟုတ်လား ။ ဘာကြောင့်  အစေခံတွေကို ကူညီပြီး  နွားလှည်း နှင့် အိမ်ပြန် ပို့ခိုင်း ဖို့ ခွင့်မပြုရမှာလဲဟု " ပြောလိုက်သည်။





ဦလေးရှုသည် ဒါကိုကြားလိုက်ရသောအခါ  အဘ်ုးရှု၏နွားလှည်းသည်  ဒီပစ္စည်းများကိုသယ်ရန်မသင့်လျော်လောက်ဟုတွေးလိုက်သည်။ ထို့ကြောင့်သူသည်မငြင်းဆိုဘဲ အပြုံးလေးနှင့်လက်ခံလိုက်သည်။ဆိုင်ရှင်ကိုကျေးဇူးတင်ပြီးနောက် သူတို့အခြားဝယ်စရာများရှိသေး၍ ပထမဆုံး  ဒီအဝတ်များကို ဒီမှာထားခဲ့ပြီး ကြည့်ထားပေးနိုင်မလားဟုမေးလိုက်သည်။ ဆိုင်ပိုင်ရှင်သည် ဘာမှမပြောဘဲ လက်ခံထားလိုက်သည်။



ဦးလေးနှင့်တူမတစ်စုသည် စတိုးဆိုင်မှထွက်လာပြီး နောက် ဦးလေးရှုသည် ဒုတိယဦးလေးအား မြို့အဝင်အဝရှိ အဘိုးရှု ဆီသွားကာ သူ့တို့အားမစောင့်ရန်ပြောခိုင်းသည်။ ထို့နောက် သူတို့သည် အိမ်မှာရှိသောကောင်လေးများကို ကတိပေးထားသည့်အတိုင်းသကြားလုံးဝယ်ရန် ကုန်စုံဆိုင်သို့ သွားခဲ့သည်။



သူတို့သည်  caramelized သကြားလုံးနှစ်ထုပ် ၊Osmanthus ကိတ်မုန့် နှစ်ထုပ်၊ပဲကိတ်မုန့် နှစ်ထုပ် ကို ကုန်စုံဆိုင်မှဝယ်ခဲ့ကြသည်။ ထို့နောက် ဟင်းခတ်အမွေးအကြိုင် ဆိုင်သို့လည်း ဟင်းချက်ရာတွင်သုံး‌ေသာ ဟင်းခတ်မုန့်များဝယ်ရန်လည်းသွားခဲ့ကြသည်။ ချီပေါင်သည် ဝက်သားတန်းသို့သွားကာ ဝက်သားဆယ်ကတ်တီလောက်ဝယ်ရန်နှင့် ဆီ နှစ်ကတ်တီ ဝယ်ရန် နှိုးဆော်လိုက်သည်။ ရွာမှာရှိသောသူများသည် တစ်နှစ်လျင် အသားနျစ်ကြိမ်စားရန်ပင်မတတ်နိုင်ကြပေ။ထို့ကြောင့်ရွာသားများ မည်ကဲ့သို ခက်ခဲစွာနေထိုင်ရသည်ကို တွေးကြည့်နိုင်ပေသည်။



သူတို့သည် အားလုံးနီးပါးဝယ်ပြီးနောက်မှာ အဝတ်ဆိုင်သို့ ပြန်သွားခဲ့ကြသည်။ အန်ကယ်ရှုသည် အဝတ်ဆိုင်ဝင်ပေါက်၌ သူတို့ကိုစောင့်နေလေသည်။ သူ့အကိုကြီးနှင့်တူမလေးလက်ထဲ၌အိတ်ကြီးများ အပြည့်သယ်ထားသည်ကိုတွေ့လိုက်ရသောအခါ အကူအညီပေးရန်ချက်ချင် လှမ်းလာလိုက်သည်။



သူတို့ဝယ်ထားသော ပစ္စည်းများကို တစ်ခုပြီးတစ်ခု လှည်းပေါ်တွင်ထားလိုက်သည်။ဆိုင်ရှင်အားနှုတ်ဆက်ပြီးနောက် အလုပ်သမားလေးအား ရှုမိသားစု ရွာသို့ သွားရန်ပြောလိုက်သည်။

လှည်းသည် လမ်းတလျောက် ဖြည်းညင်းစွာနှင် အေးဆေးစွာ လိမ့်လာခဲ့သည် ။ အနည်းငယ်အေးသော ဆောင်းဦးလေ ချီပေါင့် မျက်နှာသို့တိုက်ခတ်လာခဲ့သည်။ မိသားစုအတွက်အစားအစာများနှင့်အထည်များဝယ်လာသောလှည်းကိုကြည့်ရင်း အကြီးဆုံးဦးလေးနှစ်ယောက်၏မျက်နှာ၌အပြုံးများပြည့်နေလေသည်။





ချီပေါင်သည် ဤအရာသည်သာ သူမလိုချင်သောဘဝဟု ခံစားလိုက်ရသည်။ သူမ၏ ယခင်ဘဝက မရနိုင်သောချစ်ချင်းမေတ္တာများ၊သူမပိုင်သော မှော်ဆန်သောနေရာလွတ်၊ ချီပေါင်သည် သူမကိုချစ်သောမိသားစုများကိုဦးဆောင်ပြီး အေးချမ်းသောဘဝလေးရရှိရန်သာမျှော်လင့်မိသည်။ ချီပေါင် ငါးနှစ်အရွယ်ကလေးသဘာဝ အပစ်ကင်းသောပျော်ရွှင်မှုများရရှိလိုသည်။သူမသည် ယခင်ဘဝ ၂၈ နှစ်တာကာလတွင်ပျောက်ဆုံးခဲ့သော သာယာပျော်ရွှင်မှုများကို ပြန်လည်ဖန်တီးလိုသည်။





နွားလှည်းသည် တစ်နာရီလောက်မောင်းနှင်လာခဲ့ပြီးနောက်ဆုံးမှာတော့ ရှုကျားရွာသို့ရောက်ရှိလာခဲ့သည်။ နေ့လည်ရောက်ပြီဖြစ်သောကြောင့် အိမ်တိုင်း အိမ်တိုင်း၏ ခေါင်မိုး၌မီးခိုးများထွက်ပေါ်နေကြသည်။ရွာသားများသည် အိမ်၌နေ့လည်စာချက်နေကြသည်။ ကလေးအနည်းစုသည်သာ ရွာအဝင်အဝရှိ ညောင်ပင်အောက်တွင်‌ေပြးလွှားကစားနေကြသည်။သူတို့သည်နွားလှည်းကိုမြင်သောအခါ စူးစမ်းချင်စိတ်ပြင်းစွာဖြင့် ကျော်ကြည့်လိုက်သည်။ (လှည်းထဲဘာပါသလဲသိရရန် အတွင်းကို‌ေချာင်းကြည့်သည်။ )



ရှုအိမ်ဟောင်း၏တံခါးဝဆီသို့ လမ်းတောက်လျောက်မောင်းလာခဲ့သည်။မိသားစုမှ ကောင်လေးခြောက်ယောက်သည် မနက်ခင်းစောစောစစီးထဲမျအိပ်ယာထကာ သူတို့၏အဖေနှင့်ညီမလေးကိုခြံတံခါးဝ၌ စောင့်နေကြသည်။ နောက်ဆုံး၌ အိမ်ပြန်လာသော အဖေနှင့်ညီမလေးကိုတွေ့လိုက်ကြသည်။သူတို့၏မျက်လုံးများအရောင်တောက်သွားခဲ့ ထိုသူများကိုတွေ့ရန်  ပါးစပ်က ကြွေးကြော်အော်ဟစ်ရင်း ပြေးလာလိုက်ကြသည်။

"အဖေနဲ့ ညီမလေးတို့ ပြန်လာကြပြီ "






EDIT
Moon

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now