11

786 121 8
                                    

11. Arrangements

" ချီပေါင်က နတ်ဘုရားတစ်ပါးနှင့်တွေ့ဆုံခဲ့တယ်။ ထိုအချိန်တုန်းက ဆေးဆရာလီက ချီပေါင်က ခက်ခဲတဲ့ အချိန်ကိုရောက်နေပြီ။ ဒါကို သူမဖြတ်ကျော်ရလိမ့်မယ် ။ သို့သော် ကံကောင်းထောက်မစွာနှင့် ချီပေါင် အသက် ပြန်ရှင်လာခဲ့သည်။ ဒါဟာ ချီပေါင့်ကို နတ်ဘုရားက ကယ်ဆယ်လိုက်ပုံပါပဲ ။"ရှု တရှန်း က သက်ပြင်းချလိုက်ပြီး ဒါဟာ သူ့မြေးမလေး၏ ထူးဆန်းတဲ့ တွေ့ဆုံကြုံကြိုက်မှာပဲ။

အမျိုးသမီးလင်းက စိတ်ရှုပ်ထွေး ဒေါသထွက်စနှင့်ရှိုက်ငိုပြီး : " ချီပေါင်   အကယ်၍ နတ်ဘုရားသာ မကယ်ခဲ့ဘူး ဆိုရင် ငါတို့ရဲ့ ချီပေါင်လေးက အချိန်အကြာကြီး....... ဝူးးးဝူးးးဝူးးး"

( Wu Wu ဆိုလို့ ဝူး ဝူးလိုက်တယ်။ ငိုတာပါ ။ အကြံပေးစရာရှိပြောသွားပေးနော် )

ချီပေါင်က သုမရဲ့သေးငယ်တဲ့ လက်ကလေးကိုမပြီး သူမအမေ၏ မျက်ရည်တွေကို သုတ်ပေးဖို့ကူညီပေးရင်း " မေမေ ချီပေါင် မေမေ့ကိုနောက်တစ်ခါထပ်ပြီး စိားရိမ်ရအောင် မလုပ်တော့ပါဘူး။ချိပေါင် အခု အများကြီးသိနေပါပြီ ။ အနာဂါတ်မှာ  ချီပေါင် ပိုက်ဆံတွေ အများကြီး ရှာပြီး မေမေနဲ့ အဘွားအတွက် ၊ ပြီးတော့ ဦးလေးတို့ အန်တီတို့ အတွက်ကြည့် ကောင်း တဲ့ အဝတ်အစားတွေဝယ်ပေးမယ် " ချီပေါင်က ကလေးသံလေးနှင့် ပြောလိုက်တော့ လူတိုင်းက လက်ဆောင်အတွက် ရင်ထဲထိသွားရတယ်။

ထိုအချိန်မှာပဲ လေးယောက်မြောက်အကို (အရင်း )က  စိတ်လှုပ်ရှားမှုတွေပြည့်နေတဲ့ မျက်လုံးလေးနဲ့  ချီပေါင် ရှေ့ကို ရောက်လာပြီး  " ညီမလေး ! ညီမလေးက  နတ်ဘုရားရဲ့တပည့်ဆိုတော့ ညီမလေးရော ပျံနိုင်လား " လို့မေးလိုက်ပြီး အခြားကလေးတွေကလည်း မျော်လင့်ချက်တွေပြည့်နေတဲ့ မျက်လုံးတွေနဲ့ကြည့် နေကြသည်။

ချီပေါင်က " မာစတာက ပြောတယ် ။ အခုညီမလေးက ငယ်သေးတယ်တဲ့ ။ညီမလေးရဲ့ ခန္ဓာကိုယ်ကို ပြန်ကောင်းအောင်လုပ်ရဦးမယ်တဲ့။ မှန်ကန်တဲ့ စကေး တွေကို မသင်ယူခင်မှာ  လေ့ကျင့်ခန်းလုပ်ပြီး ခိုင်ခံ့တဲ့ အုတ်မြစ်ချရဦး မယ် " လို့ပြန်ဖြေလိုက်တယ်။

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now