13.

728 112 14
                                    

13. Going to town #2

    ချီပေါင်က မျက်နှာသစ်ပြီး ခြံဝင်းထဲရောက်တဲ့အချိန် ဦးလေးနှစ်ယောက်က အဆင်သင့်ဖြစ်နေတာကိုတွေ့လိုက်သည်။ ကျန်တဲ့ မိသားစုဝင်တွေ က အိပ်ယာက နေမထကြသေးချေ။ အမျိုးသမီးဝမ် က စိတ်ပူစရာတွေများပြီး အိပ်မပျော်ဖြစ်နေသည်။ဒါကြောင့် သူမအိပ်ယာထသောအခါ သူမ၏မြေးမလေး အပြင်ထွက်လာတာကိုမြင်လိုက်ရသည်။သူမ၏မြေးမလေးကို အဘိုးကြီးနှစ်ယောက်နှင့်မြိုကိုထည့်လိုက်ရန် အခုထိ စိတ်မသက်မသာဖြစ်နေသေးသည်။" ချီပေါင် အဘွားအခုထိ သမီးကို စိတ်မချသေးဘူး၊ သမီးအဘွားနဲ့ အိမ်မှာပဲနေခဲ့ ပါလား။အဘွား သမီးအတွက် ကြက်ဥပေါင်းလုပ်ကျွေးမယ်လေ၊အဆင်ပြေလား " အမျိုးသမီးဝမ်က မျက်နှာ မှာ စိုးရိမ်မှု အပြည့်နှင့်ပြောလိုက်သည်။ 

သူမ၏အဘွားပြောကိုကြားတော့ချီပေါင်က ချက်ချင်း " အဘွားချီပေါင့်ကို မစိုးရိမ်ပါနဲ့။ ချီပေါင်လျောက်မပြေးပါဘူး။အကြီးဆုံးဦးလေးနဲ့ နီးနီးလေး  နေမှာပါ။ ချီပေါင် ကြီးလားကတည်းက မြို့ကိုမရောက်ဖူးဘူးလေ။ မြိုကိုသွားပြီးဘာတွေရှိလားသိချင်တယ် ။ "

ချီပေါင် ဒီလိုပြောတာကြားလိုက်တော့ အမျိုးသမီးဝမ်း က အလျော့ပေးလိုက်ရသည်။ ချီပေါင့်ကို ဂရုစိုက်ရန် ထပ်ထပ်ခါခါ သတိပေးရုံသာ တတ်နိုင်သည်။ ဝမ်နှစ်ဆယ်ပေးလိုက်ပြီး ချီပေါင် ဗိုက်ဆာ ရင် ဘန်းမုန့်ပေါင်းဝယ်ကျွေး ရန်ပြောလိုက်သည်။သူတို့တို့မသွားခင်ချိန်အထိ အမျိုးသမီးဝမ်က အသေအချာမှာနေခဲ့သည်။  လူကြီးနှစ်ယောက်နှင့် ကလေးတစ်ယောက်ကို အမျိုးသမီးဝမ်၏ မှာတမ်းချွေမှုမှာ အဘွားနှင့် အမေရှေ့ကနေ  သူတို့ ‌ေပျာက်သွားချိန်ထိကိုဖြစ်သည်။ 

သူမဦးလေးသည် သူမကို ချီလာခဲ့သည်မှာနွားလှည်းဆီရောက်သည်အထိဖြစ်သည်။ ရွာမှာရှိတဲ့ နွားလှည်းသည် ရွာသားတွေကို မြို့သွားရန် ပြေးဆွဲပေးခြင်းဖြစ်သည်။နွားလှည်းကို ရှုတဖူ ကမောင်းနှင်ပြီး အတူသွားမည့် ရွားသားမှာ ချီပေါင့် အဘိုးနှင့်မျိုးဆက်အတူတူပင်ဖြစ်သည်။ 

ချီပေါင်က သူမ ဦးလေး လက်မောင်းထဲက ထွက်ပြီး ချိုသာစွာနှုတ်ဆက်လိုက်သည်။" ဟဲလို အဘိုးဖူ " 

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now