14

781 121 12
                                    

14.Selling Ginseng

သူတို့သုံးယောက် တံခါးဘောင်ကနေဖြတ်ဝင်သွားပြီးနောက်မှာ တော့ ဆေးဆိုင်မှာရှိသောအလုပ်သမားလေး သည် ချက်ချင်းပြုံး၍ နှုတ်ဆက်ပြီး " အကိုကြီးတို့ နှစ်ယောက် ဆေးဝယ်ချင်လို့လား ၊ ဆေးဆရာနှင့်တွေ့ဖို့ ‌ဒီကိုရောက်လာတာလား " ရှုတပေါင်က သူ၏လက်နှစ်ဖက်ကိုခုံးလိုက်ပြီး " ညီလေး ! ဒီကိုလာတာ ဆေးဝယ်မလို့လည်းမဟုတ်ပါဘူး ၊ ဆေးဆရာနှင့်တွေ့ဖို့လည်းမဟုတ်ပါဘူး။ ဒီနေရာမှာ ဆေးဖက်ဝင် အပင်‌များဝယ်လား သိချင်ပါတယ် " အ လုပ်သမားလေးက ဆေးဖက်ဝင်ပင်တွေဝယ်လားဟု မေးသံကြားတော့ " ကျွန်တော် တို့ ဆိုင်မှာ ဆေးဖက်ဝင်ပင်တွေ ဝယ်ပါတယ် ။ ဘယ်လိုဆေးပင် အမျိုးအစားရောင်းချင်တာလဲ " ဟုပြန်ပြာလိုက်သည်။

ရှုတပေါင် က ဒါကိုကြားတော့ ဘေးပတ်လည်ကို ကြည့်လိုက်သေးအခါ ဆေးကုမှု ခံယူသူများ၊ ဆေးဝယ်နေ သူများကိုတွေ့လိုက်ရသည်။ ထို့ကြောင့် ဂျင်ဆင်း ရောင်းမည်ဟု ပြောပြရန်ခက်ခဲနေသည် ။ သူသည် သူ၏ရတနာလေးကို အခြားလူများ စိတ်ဝင်စားမှာကြောက်နေလေးသည်။ ထို့ကြောင့် လိမ္မာပါနပ်စွာနှင့် ကောင်လေးအား " ညီလေး အထဲမှာ ပြောလို့ ရမလား ) ဟုမေးလိုက်သည်။

အလုပ်သမားလေးက သူ‌ေပြာတာကိုကြားတော့ အခြေအနေကို သဘောပေါက်သွားပြီး ချက်ချင်း "အကိုတို့နှစ်ယောက် ခဏလောက်စောင့်ပါ။ ဆိုင်ရှင်ကို အကြောင်းကြားပေးပါမယ့် " လို့ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် သူသည် အခန်းအတွင်းသို့ဝင်သွားခဲ့သည်။

ချီပေါင်သည်း ဆေးခန်းတွင်းဝင်လာချိန်ကတည်းက တိတ်ဆိတ်စွာကြည့်နေသည်။ ဆေးခန်းက သိပ်မသေးပါ။ ၁၀၀ စတုရန်းမီတာကျော်ပြီး သန့်ရှင့်နေသည် ။ ကောင်တာ၏နောက်မှာ အံဆွဲတွေအများမပြးရှိပြီးသူတို့တစ်ခုချင်းကို မဟော်ဂနီ နှင့်ပြုလုပ်ထားသည်။ ဒီဆေးဆိုင်သည် စန့်ရှင် ပြီး တိကျသော နမည်ဂုဏ်သတင်းရှိသည်။ ဆိုင်အတွင်း တွင် အသက်ခြောက်ဆယ် အရွယ်ရှိသော အဘိုးကြီး သည် အမျိုးသမီးကြီး တစ်ဦးကို ကုသပေးနေသည်။သူ၏နောက်မှာတော့ လူနာများတန်းစီဆောင့်နေကြသည်။ လူနာများ၏ အစေခံများသည် လူနာများထိုင်စောင့်ဖို့အတွက် ခွေးခြေခုံနှင့် သောက်ဖို့အတွက် လက်ဖက်ရည်ယူလာသည်။ချီပေါင်က စောင့်ကြည့်ပြီး တိတ်တဆိတ် ခေါင်းညှိတ်လိုက်သည် ။  ဒီဆေးဆိုင်ပိုင်ရှင်က  ကြင်နာတတ်သူတစ်ဦးဖြစ်ပုံရသည်။

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now