21(1)

568 78 9
                                    

21. Cooperation(1)
Moon LayMarch 23, 2024
( အစတုန်းက ဇုရှန်းလု - Zuixianlou

အခု Zuixianoul ဖြစ်နေလို့ အပေါ်အတိုင်းပဲ

ပြန်လိုက်မယ်နော်။ ဘယ်ဟာကအမှန်လဲမသိ )

သူတို့သည် ဇုရှန်းလု သို့လာလိုက်ကြသည် ။ သူတို့ကို စားပွဲထိုးက မြင်လိုက်တဲ့ အချိန်မှာ ပဲ ကြင်နာစွာနုတ်ဆက်ပြီး ယဉ်ကျေးစွာ မေးလိုက်သည်။ " ကောင်ကလေးတို့  ။ ဒါက ညစာစားချိန်မဟုတ်ပါဘူး ။ အစာ စားချင်တယ်ဆိုရင်  နောက်ကျမှ ပြန်လာခဲ့ပါ။ "

အကြီးဆုံးရှုကပြောလိုက်သည်။" ညီငယ်လေးငါတို့ကဒီကိုစားဖို့လာတာမဟုတ်ပါဘူး။။မင်းတို့ဆိုင်နဲ့အလုပ်ကိစ္စ ဆွေးနွေးဖို့ လာတာပါ။ ဒီက ညီငယ်လေးကလည်း ဆိုင်ရှင်ဆီကိုသတင်းစကားပြောပေးမယ်လို့  ငါမျှော်လင့်ပါတယ်။"



စားပွဲထိုးလေးကသူတို့ပြောတာကိုကြားသောအခါသူတို့နောက်ကနွားလှည်းကိုလှမ်းကြည့်လိုက်သည်။ အဲဒီအပေါ်မှာ  ကြီးမားတဲ့ခြင်းကြီးတွေရှိပြီး ထိုခြင်းတွေကို ချည်ထည် ပိတ်စနဲ့အုပ်ထားတယ်။ထိုအထဲမှာဘာတွေပါတယ်ဆိုတာကို သူ မသိရဘူး။သူသည်အကြီးဆုံးရှုကိုနောက်တစ်ခေါက်ပြန်လှည့်ကြည့်လိုက်သည်။ထို့နောက်ပြောလိုက်သည်။ "  ဟုတ်ပြီ  လူတိုင်း ကျေးဇူးပြုပြီးတော့ အချိန်ခဏလောက်စောင့်ပေးပါ။ ကျွန်တော် ပြန်တင်ပြပေးပါ့မယ်။ " ထို့နောက် စားသောက်ဆိုင်အတွင်းသို့  ပြန်လည် ပြေးဝင်သွားခဲ့ သည်။



အချိန်ခဏကြာပြီးနောက် အသက်၄၀အရွယ်မျက်နှာဝိုင်းဝိုင်းနှင့် ဝတ်ရုံ ဝတ်ထားသော လူကြီးတစ်ယောက်သည် သူတို့ဆီကိုလျှောက်လာပြီး လက်သီးဆုပ် ကာ ပြောလိုက်သည် ။ " လူကြီးမင်း တို့က ဇုရှန်းလု ကို အလုပ်ကိစ္စ ဆွေးနွေးဖို့ရောက်လာတာလို့ ကျွန်တော်ကြားတယ်။ဘယ်လို အလုပ်ကိစ္စ မျိုးကို ဆွေးနွေးချင်တာလဲ။ "

အကြီးဆုံးရှုကပြောလိုက်သည်။" ဆိုင်ရှင်ကျွန်တော်တို့ကတော့များကိုယ်တိုင်စိုက်ပျိုးတာပါ။ထိုအရာတွေကရသာရှိတယ်။ ကျွန်တော် တို့က အထူးသဖြင့်  သင်တို့ဆိုင်နဲ့  ပူးပေါင်းဆောင်ရွက်မှု လုပ်ချင်တာပါ။ ဆိုင်ရှင် သင်ရော ဘယ်လိုစိတ်ကူးလဲ ။ "



#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now