22 (1)

467 73 3
                                    

22. Buying Land (1)
Moon LayMarch 24, 2024

သူတို့ နွားလှည်းကိုမောင်းနှင်ပြီးမကြာမီမှာပဲ။ သူတို့သည်ရှုမိသားစုအိမ်ဟောင်း၏ ဂိတ်တံခါးဝသို့ရောက်လာခဲ့ကြသည် ။သူတို့သည် ‌ေရှာင်းဝုကို ကွက်တိပင်တွေ့လိုက်သည်။ရှေင်းဝုသည် ချက်ချင်းကို အော်ပြောလိုက်သည် " အဘိုးနှင့်အခြားသူတွေပြန်လာကြပြီ။ " အော်ခေါ်ပြီးနောက်  သူတို့အားလုံးသည် သူ့ဆီသို့ ပြေးလာကြသည်။ အခြားညီအကိုများကလည်း အသိပြန်ဝင်လာပြီး  ကမန်းကတမ်း ပြေးထွက်လာကြသည်။

" ညီမလေး  နင်ပြန်လာပြီ။ ငါ့ကို ကိုယ်ခံပညာသင်ပေးမယ်ပြောပြီး မသင်ပေးရသေးဘူးနော် ။ ငါတို့နင့်ကို အချိန်အကြာကြီး စောင့်နေကြတာ ။" ဟုရှောင်းဝုက မေးလိုက်သည်။

" သမီး တောင်းပန်ပါတယ်အကို။ ညီမလေးက အဘိုးတို့ ဦးလေးတို့ နဲ့အတူ ဟင်းသီးဟင်းရွက်တွေရောင်းဖို့ လိုက်သွားလိုက်လို့ပါ။ အာ့ကြောင့် နည်းနည်း လေးနောက်ကျသွားတယ်။ သမီး အကို့ကို ညစာ စားပြီးရင် သင်ပေးပါမယ်။မနက်ဖြန်ရောက် ရင်အသေအချာကို အချိန်မှန်မှာပါ " ချီပေါင်က တောင်းပန်နေသော မျက်နှာထားလေးနှင့်ပြောလိုက်သည်။ (မျက်နှာငယ်လေးလုပ်ပြီး )

" ရှောင်းဝု မင်းရဲ့ညီမလေးက အခုမှအိမ်ပြန်ရောက်တာ။ ပထမဆုံး အနားယူပါစေ။ညီမလေးက သင်ပေးမယ်လို့ကတိပေးထားတယ်လေ။သူသင်ပေးမှာပါ။မင်းကအရမ်းအလျင်မလိုရဘူးလေ။ဒုတိယ ညီလေး အိမ်ထဲဝင်ပြီး ရေနည်းနည်ခပ်ခဲ့ပါဦး။အဘိုးနဲ့အခြားသူတွေက  ဒီမှာ ။ ခရီးအရှည် လာခဲ့ပြီးတော့ သူတို့ရေဆာ နေလောက်ပြီ။" ရှုဝမ်ဝု က ရှုဇီရုန်အား ခိုင်းလိုက်သည်။

ထိုအချိန်မှာပဲ အိမ်မှာ ရှိ‌ေသာအမျိုးသမီးများသည် ခြံဝန်း ထဲရှိ ဆူညံသံများကို ကြားပြီး တစ်ဦးပြီး တစ်ဦး အိမ်ပြင်သို့  ထွက်လာခဲ့ကြသည်။အကြီးဆုံးရှု နှင့်အခြားသူ များအိမ်ပြန်လာသည်ကို မြင်လိုက်ရသည်။ အမျိုးသမီးဝမ်က ပြောလိုက်သည်။  " မြန်မြန်  အိမ်ထဲဝင်ပြီး အနားယူလိုက်ဦး "

ဘာမှမရှိသော နွားလှည်းကို ကြည့်လိုက်ပြီး  ချွေးမများသည်  ဟင်းသီးဟင်းရွက်များအားလုံး ရောင်းကုန်သွားပြီဆိုတာ သိလိုက်ကြသည်။ပြီးတော့ သူတို့အရမ်းပျော်နေကြသည်။ထို့ကြောင့်သူတို့နှင့်အတူတူလိုက်ပြီး အိမ်ထဲဝင်လာကြသည်။မိသားစု များအားလုံး ခန်းမထဲထိုင်ပြီး  သူတို့သည် ဟင်းသီးဟင်းရွက်မျာ ဘယ်လောက်နှင့် ရောင်းလိုက်ရသည်ကို သိချင်နေကြသည်။

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now