အခန်း (၇၂.၁)

Start from the beginning
                                    

ပိုင်ယွင်ကျင်းက ပိုင်ယွင်ရှီကို တစ်ချက်ကြည့်လိုက်ပြီး​နောက် သူ့လက်အား ​​​​​​ဝှေ့ယမ်းလိုက်ပြီး "ဝိုင်နီ ​နောက်ထပ်နှစ်ပုလင်း​လောက်​နော်" 

ပိုင်ယွင်ရှီက မျက်လုံးသာလှိမ့်ပြလိုက်သည်။ ယဲဖန်နဲ့အတူ ထွက်လာဖို့ သ​ဘောတူမိရ​လောက်​အောင် သူ့ဆီမှာ ဘာ​တွေများ မှားသွားတာလဲ။

"ဒါက ဘာလဲ" ကျူးရွယ်ယင်းက ​ဘေးနားရှိ ထန်ဟူလူကို ​မြင်တော့ ​မေးမိလိုက်​သည်။

"အိုး၊ ယွင်ရှီ အတွက် ပြင်​ပေးထားတဲ့ လက်​ဆောင်တစ်ခု​လေ။ ဒါ​ပေမဲ့ သူက အစည်းအ​ဝေးပဲ လုပ်​နေပြီး ကျွန်​တော့်ကို လုံးဝလျစ်လျူရှုထားခဲ့တယ်​။ အဲ့ဒါနဲ့ ကျွန်​တော် တစ်ဝက်နီးပါး​လောက် စားမိသွားတာ" ယဲဖန်က ညည်းညူပြလာခဲ့​၏။

ပိုင်ယွင်ရှီသည် ရှန်ပိန်ခွက်ကို ကိုင်ပြီး တစ်ကျိုက်တည်း ​မော့ချပစ်လိုက်သည်။ ယဲဖန် မင်း ​သောက်ရူး​ကောင်။

ပိုင်ယွင်ရှီကို ကြည့်​နေရင်း ကျူးရွယ်ယင်းက "ယွင်ရှီ ဒီ​နေ့က ချစ်သူများ​နေ့​လေ။ ရှားရှားပါးပါး နင် အလုပ်မလုပ်ဘူး​ပေါ့။ တစ်ချိန်လုံး နင့်ကိုယ်နင်လဲ သိပ်အပင်ပန်းမခံနဲ့အုံး​နော်"

ပိုင်ယွင်ရှီ "....."

.......

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ပိုင်ချင်းဟယ်က ဆိုလာခဲ့သည်။

ယဲလင်းက ​မေးလိုက်၏ "ဘာမှားလို့လဲ"

"ဒါက ပိုင်မိသားစုက အကြီးဆုံးသားနဲ့ သူ့ဇနီး​လေ" ပိုင်ယွင်ကျင်း၏ အဆင့်အတန်းအရဆို သူတို့က တိတ်ဆိတ်သည့် သီးသန့်ခန်းထဲမှာထိုင်ပြီး အစားအ​သောက်နဲ့ အ​အေး​တွေကို ​အေး​အေး​ဆေး​ဆေး မှာသင့်တာ မဟုတ်ဘူးလား။ သူတို့က ပိုင်ယွင်ရှီနှင့် အဲ့ဒီသူ​ဌေးလို ပြုမူ​နေတဲ့သူနဲ့ စားပွဲတစ်လုံးထဲ ဘယ်လိုလုပ် အတူထိုင်နိုင်ရတာလဲ။

ပိုင်ချင်းဟယ်လဲ အရမ်း ထူးဆန်း​နေ​လေသည်။ ပိုင်ယွင်ကျင်းနှင့် ပိုင်ယွင်ရှီတို့က အဆင့်အတန်းမြင့်မားလှတာ​ကြောင့် အဲ့ဒီသူ​ဌေးလို​ကောင်လဲ မရိုးရှင်းနိုင်​လောက်​ပေ။ 

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now