Book 33 Chapter 460

Start from the beginning
                                    

"သမုဒ္ဒရာကမ္ဘာ" သို့ရောက်ရှိပြီး အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရမရရှိလျှင်တောင်မှ အခြားသောရတနာပစ္စည်းများကိုအသုံးပြုကာ ရွှီဖေးနှင့် ရှီကျွင်းတို့အနေဖြင့် ယင်ယွီကျန်းကို ဆေးဝါးကုသပေးနိုင်မည် ဖြစ်သည်။

ကောင်းကင်ထက်မှ ကမ္ဘာဖြတ်လမ်းကြောင်းက နောက်ဆုံးအဆင့် မတည်မငြိမ်ဖြစ်နေပြီး တဖြည်းဖြည်း ပြန်ပိတ်သွားတော့မည့်လက္ခဏာများ ပြသနေသည်။

ရန်ကျောက်ကဲက ပိုင်ကျင်းခန်းတို့ ဇနီးမောင်နှံကိုကြည့်ရင်း...

"ကျေးဇူးပြုပြီး ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးကို စောင့်ရှောက်ပေးပါ"

ရွှီဖေးကလည်း...

"မင်းတို့ကိုပဲ ဒုက္ခပေးရတော့မယ်"

ရွှီဖေးက အမတဝိညာဉ်သိုင်းဆရာသခင်တစ်ယောက် မဟုတ်သော်လည်း သူ၏ အသက်အရွယ်နှင့် ကျင့်ကြံခြင်းအရ ပိုင်ကျင်းခန်းနှင့် ဝမ်ပင်းတို့က အထင်မသေးဝံ့ဘဲ ချက်ချင်းပင် ခေါင်းညိတ်လိုက်ကြသည်။

ပိုင်ကျင်းခန်းက ခံစားချက်အပြည့်ဖြင့်...

"ငါတို့ဇနီးမောင်နှံအသက်ကိုကယ်တင်ခဲ့တဲ့ ကျေးဇူးက ဆပ်မကုန်ပါဘူး ၊ သေချာပေါက် ဒီကိစ္စကို ကူညီပါ့မယ်"

ဝမ်ပင်းက...

"ကျွန်မတို့ရဲ့စွမ်းရည်က အကန့်အသတ်ရှိပေမယ့် ဒီကိစ္စကို ကျွန်မတို့ဂိုဏ်းကိုတင်ပြပေးပါ့မယ် ၊ ကျွန်မတို့ဂိုဏ်းက သမုဒ္ဒရာကမ္ဘာက လမ်းမှန်ဂိုဏ်း (၇)ဂိုဏ်းမှာ တစ်ဂိုဏ်းအပါအဝင်ဖြစ်လို့ တချို့ကိစ္စတွေကို ဖြေရှင်းဖို့ မခက်ခဲပါဘူး"

ဗလာနယ်အာကာသအတားအဆီးများကိုဖြတ်ကျော်ပြီး မျောလွင့်ဝိညာဉ်ကမ္ဘာသို့ရောက်ရှိလာချိန် ရန်ကျောက်ကဲတို့အုပ်စုနှင့် တွေ့ဆုံရခြင်းက တိုက်ဆိုင်မှုသက်သက်သာဖြစ်လေရာ သူတို့အနေဖြင့် အန္တရယ်တစ်စုံတစ်ရာရှိမည်ကို စိုးရိမ်ခြင်းမရှိကြပေ။

ရန်ကျောက်ကဲက သူတို့ကိုကူညီခဲ့ပြီး သူတို့နှစ်ယောက်က ရန်ကျောက်ကဲကို ပြန်လည်ကူညီကြညသ်မှာလည်း သဘာဝကျလေသည်။

You've reached the end of published parts.

⏰ Last updated: Mar 18 ⏰

Add this story to your Library to get notified about new parts!

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now