Book 33 Chapter 457

33 6 0
                                    

Uni

အခန်း (၄၅၇) လက်တစ်ဖက်တည်းဖြင့်

သူ့ရှေ့မှလူကိုတွေ့သည်နှင့် ချန်လီတောင်မှ လူရွယ်စုံတွဲ မျက်နှာပျက်သွားကြသည်။

"ဟိုင်ကျန့်ကျယ်..."

ရန်ကျောက်ကဲတို့အုပ်စုကတော့ ထိုနာမည်ကိုမသိသည်မှာ သေချာသည်။

သို့သော် ထိုသူက "သမုဒ္ဒရာကမ္ဘာ" တွင်တော့ အတော်လေး နာမည်ကြီးသူဖြစ်နိုင်သည်။

"သွေးနီပင်လယ်နဂါးသခင်" ဟိုင်ကျန့်ကျယ် ဆိုသည်က သွေးနီနဂါးဂိုဏ်းချုပ်၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက်ဖြစ်သလို သမုဒ္ဒရာကမ္ဘာ၏ လူငယ်မျိုးဆက်များတွင် ထိပ်တန်းအဆင့် သိုင်းသမားတစ်ယောက်ဖြစ်၏။

လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းတွင် ဟိုင်ကျန့်ကျယ်နှင့် ကျင့်ကြံခြင်းအဆင့်တူညီသူ ၊ သို့မဟုတ် သက်တူရွယ်တူများထဲ၌ သူ့ကိုယှဉ်နိုင်သူ မရှိပေ။

အမတဝိညာဉ်နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်ဖြစ်သော အနက်ရောင်ဝတ်အဘိုးကြီးက ဟိုင်ကျန့်ကျယ်ထက် ဝါကြီးသော်လည်း သိုင်းစွမ်းအားတွင် ဟိုင်ကျန့်ကျယ်ကို မယှဉ်နိုင်ပေ။

သိုင်းတာအိုကျင့်ကြံရာတွင် ကျင့်ကြံခြင်းအဆင့်မြင့်မားလာသည်နှင့်အမျှ တစ်ယောက်နှင့်တစ်ယောက် စွမ်းအားကွာဟချက် နည်းပါးလာသည်ဟု ဆိုလေ့ရှိကြသည်။

သို့သော် အရာအားလုံးတွင် ချွင်းချက်ရှိလေ၏။

လူအများစုအတွက်သတ်မှတ်ထားသော ကန့်သတ်ချက်များကို ချိုးဖြတ်နိုင်သည့် ပါရမီရှင်အနည်းငယ်ကတော့ လောကတွင် အစဉ်အမြဲရှိကြသည်သာ။

"ဟိုင်ကျန့်ကျယ် အမတဝိညာဉ်အလယ်ဆင့်ကိုတက်ရောက်တော့ သူ့ရဲ့ ဝိညာဉ်အပင်မှာ သစ်ရွက် (၈)ရွက်ပေါ်လာတယ်လို့ ပြောကြတယ် ၊ အမတဝိညာဉ်နှောင်းပိုင်းအဆင့်ကို တက်ရောက်တဲ့အခါ အဲဒီသစ်ရွက် (၈)ရွက်ကနေ အမတနတ်ပန်း (၈)ပွင့်ပွင့်လာခဲ့တယ်"

ချန်လီတောင်မှ မိန်းမပျိုက ဆိုသည်။

ဟိုင်ကျန့်ကျယ်ရောက်လာသဖြင့် လူရွယ်စုံတွဲမှာ အ‌တော်လေး စိုးရိမ်ထိတ်လန့်သွားကြဟန်ရှိသည်။ သို့သော် သူတို့က ရန်ကျောက်ကဲကို မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်မိကြ၏။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now