Book 31 Chapter 436

30 3 0
                                    

Uni

အခန်း (၄၃၆) နှင်းကြိုးကြာသတင်းစကား

"အပြင်ပိုင်းကြယ်တာရာချီအဆင့် ဟုတ်လား ၊ အဲဒီ ဆယ်နှစ်ကျော် ကလေးလေးကလေ"

ချန်အန်း၏စကားကိုကြားတော့ နှင်းကြိုးကြာဂိုဏ်းသားများ ပင့်သက်ရှိုက်လိုက်ကြသည်။

နှင်းကြိုးကြာဂိုဏ်းသားများဆိုသည်က မျောလွင့်ဝိညာဉ်ကမ္ဘာမှ အခြားသူများနှင့် မတူညီပေ။ သူတို့က ကျင့်ကြံခြင်းအဆင့်များအကြောင်း ကောင်းစွာသိရှိပြီး 'အပြင်ပိုင်းကြယ်တာရာချီ' အဆင့်အကြောင်း သေသေချာချာ နားလည်သည်။

"သိုင်းပညာရှင် စတုတ္ထအဆင့်ဖြစ်သော အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့်"

ထိုအဆင့်မှာ မျောလွင့်ဝိညာဉ်ကမ္ဘာမှ ချီစွမးအားကျင့်ကြံသူများ အဆုံးစွန်ရောက်ရှိနိုင်သည့် ပန်းတိုင် ဖြစ်သည်။

သို့သော် ထိုအဆင့်သို့ရောက်ရှိနိုင်သူ အနည်းငယ်သာ ရှိလေသည်။

ယခု အသက် (၁၀)နှစ်ဝန်းကျင်သာရှိသေးသော ယင်လုန်ထူက 'အပြင်ပိုင်းကြယ်တာရာချီအဆင့်' ရောက်ရှိနေပြီဆိုလေရာ သူတို့အားလုံး အံ့သြတုန်လှုပ်သွားကြသည်။

ချန်အန်းကိုယ်တိုင်လည်း ထိုအကြောင်းသိရှိစဉ်က အလွန်တုန်လှုပ်သွားပြီး စိတ်တည်ငြိမ်စေရန် အတော်လေး ကြိုးစားခဲ့ရသည်။

ရန်ကျောက်ကဲ မည်သူမည်ဝါဖြစ်သည်ဆိုခြင်းထက် ထိုကလေးငယ် 'အပြင်ပိုင်းကြယ်တာရာချီ' အဆင့် ရောက်နေခြင်းက သူ့ကိုပိုပြီး တုန်လှုပ်စေကာ နှင်းတောထဲတွင်မတ်တတ်ရပ်နေရင်း ချွေးစေးများပင် ပျံလာရသည်။

ရန်ကျောက်ကဲတို့အုပ်စုက ခန်းဟယ်မြို့တော်တွင် အကြီးအကျယ်ပြဿနာရှာခဲ့သောသတင်းကို ကြားရသည့်တိုင် ချန်အန်းနှင့် နှင်းကြိုးကြာဂိုဏ်းသားများက သိပ်ပြီး အလေးအနက် မထားခဲ့ပေ။

ဖုရန်တိုင်းပြည်ဆိုသည်က သွေးနီတိမ်တိုက်ဂိုဏ်းလက်အောက်ရှိ သုံးဆယ့်ခြောက်နိုင်ငံထဲမှ တစ်ခုသာဖြစ်သည်။ သွေးနီတိမ်တိုက်ဂိုဏ်းနှင့် နဂါးစိမ်းတောင်တို့ကဲ့သို့ အင်အားကြီးသည့်သိုင်းဂိုဏ်းကြီးများနှင့်ယှဉ်လျှင် ဖုရန်တိုင်းပြည်က ပါမွှားလေးသာ ဖြစ်သည်။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now