Book 30 Chapter 423

31 2 0
                                    

Uni

အခန်း (၄၂၃) ကမ္ဘာနှစ်ခုကြား ယဉ်ကျေးမှုဖလှယ် ၊ ဆက်သွယ်ရေးလမ်းကြောင်းတည်ဆောက်

အားဟူက မျက်တောင်တစ်ချက်ခတ်ရင်း...

"ဒါဖြင့် ပညာရှင်တွေရဲ့အလုပ်ကို ဘယ်လိုခေါ်ရမလဲ"

ရန်ကျောက်ကဲက တည်ကြည်လေးနက်သော မျက်နှာထားဖြင့်...

"ကမ္ဘာနှစ်ခုကြားက ယဉ်ကျေးမှုတွေကိုဖလှယ်ပြီး ဆက်သွယ်ရေးလမ်းကြောင်း တည်ဆောက်တယ်လို့ ပြောလို့ရတယ်"

အားဟူ : "......"

အားဟူ ပါးစပ်အဟောင်းသားဖြင့် စကားမပြောနိုင်ဘဲ ဆွံ့အသွားသည်။

ဖန်းယွင်ရှန်းကတော့ တဟားဟား အော်ဟစ်ရယ်မောလိုက်ပြီး ရွှီဖေးကတော့ စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းခါယမ်းရင်း ပြုံးလိုက်စဉ် ဟန်လုန်အာတစ်ယောက်ကတော့ ဘာမှနားမလည်ဟန် အူတူတူ ဖြစ်နေဆဲပင်။

အဆုံးသတ်မှာတော့ "ကမ္ဘာနှစ်ခုကြား ယဉ်ကျေးမှုဖလှယ်ပြီး ဆက်သွယ်ရေးလမ်းကြောင်းတည်ဆောက်မည်" ဆိုသော စကားကြီးစကားကျယ်ကို ပြောဆိုလျှက် ရန်ကျောက်ကဲတစ်ယောက် အဆောက်အဦအတွင်းသို့ဝင်ရောက်ကာ "ကိုးကားရန်အတွက် စာအုပ်များငှားယမ်းသည်" ဟူသောခေါင်းစဉ်ဖြင့် စာအုပ်များကို အောင်မြင်စွာ ခိုးယူခဲ့လေတော့၏။

စာအုပ်များကို အချိန်အတန်ကြာအောင် ခွဲခြမ်းစိတ်ဖြာ စီစစ်လေ့လာပြီးနောက် ဤကမ္ဘာတွင် အသုံးပြုသော ဘာသာစကားနှင့် အက္ခရာစာလုံးများကို ရန်ကျောက်ကဲ နားလည်သဘောပေါက်လာသည်။

အရင်က သူမှန်းဆထားသလိုပင် ဤကမ္ဘာ၏ ယဉ်ကျေးမှုသည်လည်း မဟာကပ်ဘေးမတိုင်ခင်က ဆင်းသက်လာသော ယဉ်ကျေးမှုအပေါ်တွင် အခြေခံသည်။ သို့သော် မဟာကပ်ဘေးကြီးအလွန်ကာလ အနည်းငယ်သောအကြွင်းအကျန်များကိုသာ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး ပြန်လည်စတင်ရသည့်အတွက် ဘာသာစကားနှင့် ယဉ်ကျေးမှုက အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် အလွန်ကွာခြားသည်။

တူညီသည့်ရင်းမြစ်မှ ပေါက်ဖွားလာခဲ့သဖြင့် သူတို့ကမ္ဘာနှစ်ခုကြားတွင် ချိတ်ဆက်မှုများ ပြုလုပ်နိုင်သည်မှာ ကံကောင်းသည်ဟု ဆိုရမည်။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now