Book 31 Chapter 439

29 5 0
                                    

Uni

အခန်း (၄၃၉) နဂါးစိမ်းတောင်ဂိုဏ်း

နဂါးစိမ်းတောင်တည်ရှိရာ အနောက်ဘက်နယ်မြေက လီပေါင်းများစွာကျယ်ဝန်းသော ကြီးမားသောတောင်တန်းကြီးများဖြင့် ဖွဲ့စည်းထားသောနယ်မြေတစ်ခုပင်။

မျောလွင့်ဝိညာဉ်ကမ္ဘာ၏ ထိပ်သီးသိုင်းဂိုဏ်းကြီး (၄) ဂိုဏ်းတွင် တစ်ခုအပါအဝင်ဖြစ်သော "နဂါးစိမ်းတောင်ဂိုဏ်း" ၏ ဌာနချုပ်က နဂါးစိမ်းတောင်တန်း၏ အဓိကတောင်ထွတ်ဖြစ်သော "နဂါးတောင်ထွတ်" တွင် တည်ရှိသည်။

နဂါးစိမ်းတောင်တန်းသည် နှင်းကျောက်စိမ်းတောင်တန်းနှင့် အတော်အတန်အလှမ်းဝေးသော်လည်း စူးယွင်အနေဖြင့် အလျှင်အမြန်လာရောက်နိုင်စွမ်း ရှိလေသည်။

သို့တိုင် စူးယွင်ကိုတွေ့သည့်အခါ နဂါးစိမ်းတောင်မှ သိုင်းသမားများက မျက်မှောင်ကြုတ်လိုက်မိကြသည်။

အဘိုးအိုတစ်ယောက်က သူမကို ကြိုဆိုနှုတ်ဆက်ရင်း...

"'စူး' ဂိုဏ်းချုပ် တစ်ယောက်တည်းလား ၊ ဖိတ်ကြားထားတဲ့ တခြားဧည့်သည်တော်တွေရော မပါဘူးလား"

အစိမ်းရောင်ဝတ်စုံထက်တွင် နဂါးရုပ်ရေးထိုးထားသော ဝတ်စုံကိုဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်က စူးယွင်ကို လက်ခံကြိုဆိုရင်း မေးမြန်းလိုက်သည်။ ထိုအဘိုးအိုက နဂါးစိမ်းတောင်ဂိုဏ်း၏ ဝါရင့်အကြီးအကဲတစ်ယောက်ပင်။

စူးယွင်က အဘိုးအို၏မေးခွန်းကိုမဖြေဘဲ ပြန်လည်မေးခွန်းထုတ်သည်။

"'လော့' ဂိုဏ်းချုပ် ရှိသလား"

အစိမ်းရောင်ဝတ်ရုံအဘိုးအိုက မျက်မှောင်ကြုတ်လိုက်သော်လည်း မေးခွန်းကို ဖြေလိုက်သည်။

"ဂိုဏ်းချုပ်က ပင်မခန်းဆောင်ထဲမှာ ရှိနေပါတယ် ၊ ဒါပေမဲ့..."

စူးယွင်က...

"ကျွန်မ 'လော့' ဂိုဏ်းချုပ်နဲ့ တွေ့ပြီး ပြောစရာရှိပါတယ် ၊ အကြီးအကဲ'ထုန်'လည်း တစ်ခါတည်းလိုက်ခဲ့လေ"

'ထုန်' မျိုးနွယ် အစိမ်းရောင်ဝတ်အဘိုးအိုက ခဏမျှ တိတ်ဆိတ်နေလေသည်။ ပြီးမှ ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် စူးယွင်ကို နဂါး‌တောင်ထွတ်သို့ ခေါ်ဆောင်သွားလေ၏။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now