Book 32 Chapter 456

42 7 0
                                    

Uni

အခန်း (၄၅၆) သူများအလုပ်ဝင်ရှုတ်

ရန်ကျောက်ကဲက သွေးနီရောင်နဂါးများနှင့် သွေးနီရောင်တိမ်တိုက်များကို လုံးဝ အ‌ရေးမစိုက်ပေ။

သူက...

"ဒီလက်ကောက်ထဲမှာရှိတဲ့ အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရက အရမ်းနည်းလိမ့်မယ် ၊ အဲဒီကျောက်စိမ်းတွေ ဒီမျောလွင့်ဝိညာဉ်ကမ္ဘာမှာပဲ ရရှိမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ"

ရန်ကျောက်ကဲက မျက်မှောင်ကြုတ်ရင်း...

"ပြီးတော့ နောက်ထပ်ပိုဆိုးတဲ့ ပြဿနာတစ်ခုက... အဲဒီကမ္ဘာကိုသွားမယ့် ကမ္ဘာဖြတ်လမ်းကြောင်းက ခဏနေရင် ပျောက်ကွယ်သွားတော့မှာ..."

ရွှီဖေးက ပင့်သက်တစ်ချက်ရှိုက်ရင်း...

"ဘာပဲဖြစ်ဖြစ် ငါတို့ရှေ့ကအခြေအနေကို အရင်ရှင်းစမ်းပါဦး ၊ မင်းရဲ့ အရည်အချင်းပေါ်ပဲ မူတည်မှာနော် ဂိုဏ်းတူညီလေး'ရန်'"

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး ကောင်းကင်ထက်တွင် လှည့်ပတ်နေသည့် သွေးနီရောင်နဂါးများကို ကြည့်လိုက်သည်။

"ငါတို့ရှေ့ကအခြေအနေဆိုရင်တော့... ပိုပြီးလွယ်ကူပါတယ်"

ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များ လှုပ်ခါသွားပြီး သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရက ကောင်းကင်ထက်သို့ တဟုန်ထိုးမြင့်တက်သွား၏။

ဒါကိုမြင်တော့ အနက်ရောင်ဝတ်အဘိုးကြီး၏ မျက်ဝန်းများက အေးစက်သွားသည်။

"အတင့်ရဲလိုက်တာ..."

ကြီးမားသော သွေးနီရောင်နဂါးကြီး၏အကြေးခွံများအတွင်းမှ သွေးစွမ်းအားများ တဟုန်ထိုးမြင့်တက်လာပြီး သွေးနီရောင်တိမ်တိုက်များက ပိုပြီးလေးလံလာသည်။

တောင်နှင့်ပင်လယ်ကို ဖြိုခွင်းပစ်နိုင်ဟန်ရှိသော ဧရာမသွေးနီရောင်နဂါးကြီး၏အမြီးရိုက်ချက်က လေထဲပျံသန်းလျှက် ရန်ကျောက်ကဲထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။

ရန်ကျောက်ကဲက ဟက်ကနဲတစ်ချက် ရယ်မောလိုက်ပြီး ညာဘက်လက်ဝါးဖြင့် ကြီးမားသောနဂါးအမြီးကြီးကို ရိုက်ချလိုက်သည်။ သူ၏လက်ဖဝါးမှထွက်ပေါ်လာသော ကြီးမားသောစွမ်းအားက ကောင်းကင်ကိုပင်ပေါက်ကွဲထွက်သွားစေနိုင်သည်။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now