Book 31 Chapter 435

28 3 0
                                    

Uni

အခန်း (၄၃၅) သခင်လေးကို ဂါရဝပြုပါတယ်

ရန်ကျောက်ကဲက နှင်းကြိုးကြာဆံထိုးလေးကိုကိုင်ရင်း ပေါ့ပါးသည့်မျက်နှာထားဖြင့်...

"ကျွန်တော်သိသလောက်... အမေ့မှာ တခြားမျိုးဆက် မရှိနိုင်ဘူး မဟုတ်လား"

စူးယွင်က ခေါင်းညိတ်ရင်း...

"ငါလည်း အဲဒီလိုပဲထင်ပါတယ် ၊ ရှိခဲ့မယ်ဆိုရင်လည်း အဲဒီတစ်ယောက်က သခင်မလေးရဲ့ ဆက်ခံသူ ဖြစ်ပါလိမ့်မယ်"

ရန်ကျောက်ကဲက စူးစမ်းဟန်ဖြင့်...

"တကယ်လို့ ကျွန်တော်မဟုတ်ဘဲ အဖေသာ အမေ့ကိုလာရှာခဲ့ရင် 'စူး' ဂိုဏ်းချုပ် ဘယ်လိုအတည်ပြုမလဲ"

စူးယွင်က ရယ်မောရင်း...

"တကယ်လို့ သခင်သာရောက်လာခဲ့ရင် သူ့ကိုအတည်ပြုဖို့ ငါ့မှာ နည်းလမ်းမရှိပါဘူး ၊ ငါက ငြင်းဆိုလိုက်လို့ သူ စိတ်အနှောက်အယှက်ဖြစ်ရတယ်ဆိုရင်တောင် ဒါက မလွှဲမရှောင်သာ ဖြစ်လာမှာပါပဲ"

သူမက ဆက်ပြောသည်။

"ဒါပေမဲ့... သခင်မလေးရဲ့ ပိုင်းခြားသိမြင်မှုကို ငါ ယုံကြည်တယ် ၊ သခင်က လုံးဝ အားနည်းတဲ့သူ မဖြစ်နိုင်ဘူး ၊ ငါ့မှာ သူ့ကို တားဆီးဖို့ အရည်အချင်း ရှိချင်မှတောင် ရှိနိုင်မယ်"

ရန်ကျောက်ကဲက ထူးဆန်းသည့်အပြုံးတစ်ချက်ဖြင့်...

"ကြည့်ရတာ ကျွန်တော့်ပုံစံကတော့ အနိုင်ကျင့်ဖို့ လွယ်နေပုံရတယ်"

စူးယွင်က ခေါင်းခါယမ်းရင်း ခိုင်မာပြတ်သားသည့် လေသံဖြင့်...

"တစ်ယောက်ယောက်က သခင်မလေးကို ထိခိုက်အောင်လုပ်မယ်ဆိုရင်တော့... သူတို့ကို ယှဉ်နိုင်သည်ဖြစ်စေ မယှဉ်နိုင်သည်ဖြစ်စေ ၊ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်‌စေ ငါက အဆုံးထိ တိုက်ခိုက်ရမှာပဲ"

ရန်ကျောက်ကဲ ခဏမျှ ငြိမ်သက်သွားပြီး ပတ်ဝန်းကျင်မှ နှင်းကြိုးကြာဂိုဏ်းသားများကို အကဲခတ်လိုက်သည်။

စူးယွင်က စကားပြောရာတွင် အသံပို့လွှတ်စနစ်ဖြင့် ပြောဆိုခြင်းမရှိသဖြင့် သူမစကားကို ပတ်ဝန်းကျင်မှလူအားလုံး ရှင်းရှင်းလင်းလင်း ကြားသည်ပင်။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now