Book 30 Chapter 422

33 3 0
                                    

Uniအခန်း (၄၂၂) ပညာရှင်တွေရဲ့အလုပ်ကို ဘယ်နှယ် ခိုးတယ်လို့ ပြောရသလဲ

ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသည့် အလင်းသင်္ကေတများက ပို၍ပို၍ ကြီးမားသိပ်သည်းလာပြီး 'ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်' အဖြစ် အပြည့်အဝ ပြောင်းလဲသွားကာ စွမ်းအားများ မရပ်မနား မြင့်တက်လာသည်။

အဆုံးသတ်မှာတော့ သားရဲတစ်ကောင်အသွင် အပြည့်အဝ ပြောင်းလဲသွားပြီး လူသားအသွင် လုံးဝ မရှိတော့ပေ။ သူ၏စွမ်းအားများကလည်း ဒီရေအလား မြင့်တက်လာပြီး ပိုမိုရိုင်းစိုင်းကြမ်းတမ်းလာသည်။

လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် နှစ်ရှည်လများ အကျဉ်းချခံထားရသဖြင့် အလွန်တရာ ဒေါမာန်ကြီးမားနေသည့် သားရဲတစ်ကောင်အလား ထင်မှတ်ရသည်။

ယနေ့တော့ သားရဲက လှောင်အိမ်ကိုချိုးဖျက်ကာ ထွက်ပေါ်လာပေပြီ။

တောင်ငယ်တစ်လုံးပမာ ကြီးမားလွန်းသော 'ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်' နှင့် ရင်ဆိုင်ရသည့်တိုင် ရန်ကျောက်ကဲက ထိတ်လန့်သွားခြင်း မရှိပေ။ သူက ပြုံးလိုက်ရင်း လက်ဖဝါးတစ်ဖက်ကို မြှောက်လိုက်သည်။

ကျားသစ်တစ်ကောင်အဖြစ်ပြောင်းလဲသွားပြီးနောက် ထိုသူ၏ ခန္ဓာကိုယ်က တောင်ငယ်တစ်လုံးပမာ မြင့်မားနေလေရာ မတ်တတ်ရပ်လျှင်မဆိုထားနှင့် မြေပြင်ထက်ဝပ်နေလျှင်ပင် ရန်ကျောက်ကဲထက် များစွာ အရပ်မြင့်မားနေပေသည်။

သို့သော် ရန်ကျောက်ကဲက လက်ဝါးကိုမြှောက်ပြီး အောက်သို့ရိုက်ချလိုက်သည်နှင့် သူ့အရှေ့မှ သတ္တဝါကြီးထက် အရပ်ပိုမိုမြင့်မားနေသည့်အလား အားလုံး ခံစားလိုက်ကြရသည်။

သူ့အသွင်က နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်ပမာဖြစ်ပြီး ၊ သူ၏လက်ဝါးရိုက်ချက်ကလည်း‌ ကောင်းကင်ကိုပင် ပြိုကျစေမည့်အလား ထင်မှတ်ရသည်။

ထိုလက်ဝါးရိုက်ချက်ကို ရင်ဆိုင်ရသည်နှင့် 'ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်' ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အမွှေးအမျှင်များ ထောင်တက်သွားသည်။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now