Book 31 Chapter 432

32 2 0
                                    

Uni

အခန်း (၄၃၂) တိုင်းပြည်တစ်ခုမှာမွှေနှောက်ခဲ့

ပန်ပန်က လက်သည်းများကို ပြန်လည်ရုတ်သိမ်းလိုက်သည့်အခါ ဦးခေါင်းသုံးလုံးမီးတောက်သားရဲကြီး၏ ခေါင်းတစ်လုံးက မြေပြင်ထက်ပြုတ်ကျသွားပြီး သားရဲကြီးမှာ တိုက်ခိုက်ရန်မဆိုထားနှင့် ပန်ပန်လက်မှလွတ်မြောက်ရန်ပင် မနည်းရုန်းကန်နေရသည်။

ပြတ်ထွက်သွားသည့်ဦးခေါင်းကြီးက အဝေးဆီသို့လွင့်ထွက်သွားပြီး မြေပြင်ထက်သို့ ဝုန်းကနဲ လေးလံစွာ ကျဆင်းသွားသည်။

အဝေးတစ်နေရာရှိ ဖုရန်နန်းတော်ထက်တွင် မတ်တတ်ရပ်နေသော ဖုရန်ဘုရင်၏မျက်နှာက စိတ်မသက်မသာ ဖြစ်သွားဟန်ပင်။

ပန်ပန်က ဦးခေါင်းသုံးလုံးမီးတောက်သားရဲကို စုတ်ဖြဲပစ်လိုက်သည့်အခါ ဖုရန်အိမ်ရှေ့စံမင်းသား ၊ စစ်သေနာပတိ'လျန်ဟန်' နှင့် အခြားသူများမှာ မိဘများဆုံးပါးသွားသည့်ပမာ ကြေကွဲခံစားလိုက်ကြရသည်။

သို့ပေသိ ဖုရန်တိုင်းပြည်ဘုရင်ကတော့ ထူးထူးခြားခြား တည်ငြိမ်နေပြီး သူ့မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုအရိပ်အမြွက်ကိုပင် ယောင်ဝါးဝါးတွေ့မြင်ရသည်။

ထို့နောက် ဖုရန်ဘုရင်က လက်ဖဝါးများကို အလျားလိုက်ရှေ့သို့တွန်းထုတ်လိုက်ပြီး ခပ်တိုးတိုး ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်သည်။ ထိုအခါ ခန်းဟယ်မြို့တော်ကို ဖုံးလွှမ်းထားသည့် ဝိညာဉ်သင်္ကေတများက ဒီရေအလားမြင့်တက်လာပြီး ဦးခေါင်းသုံးလုံးမီးတောက်သားရဲ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

သို့သော် ပန်ပန်က ကြုံးဝါးသံတစ်ချက်ပြုလုပ်ရင်း ဦးခေါင်းသုံးလုံးမီးတောက်သားရဲကြီးကို လက်သည်းဖြင့် ထပ်မံကုတ်ခြစ်ချလိုက်ရာ ထိုသတ္တဝါကြီးကိုလွှမ်းခြုံထားသည့် ဝိညာဉ်သင်္ကေတများ ချက်ချင်းပင် အက်ကွဲပျောက်ကွယ်သွား၏။

ထိုမြင်ကွင်းကိုတွေ့သည်နှင့် ဖုရန်ဘုရင် မျက်နှာပျက်သွားပြီး နန်းတော်မှ အလျှင်အမြန်ထွက်ခွာသွားသည်။ သူ ဦးတည်ရာက ပန်ပန်နှင့် ဦးခေါင်းသုံးလုံးမီးတောက်သားရဲကြီး တိုက်ခိုက်နေသည့်နေရာဆီသို့ ဖြစ်သည်။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now