Book 28 Chapter 396

326 9 0
                                    

Uni

အခန်း (၃၉၆) သိုင်းသူတော်စင်များ၏တိုက်ပွဲ

ပန်ပန်ထက်တွင်ထိုင်နေသော ရန်ကျောက်ကဲက အဝေးသို့ကြည့်နေသယောင်ရှိသော်လည်း သူ့မျက်ဝန်းများက မည်သည့်နေရာကိုမှ အာရုံစိုက်နေခြင်း မရှိပေ။

သူက ဤနေရာရှိ ရေအောက်မြေပြင်သွေးကြောများ၏ လည်ပတ်မှု ၊ ပြောင်းလဲမှုနှင့် လှုပ်ရှားမှုများကို အဆက်မပြတ် အာရုံခံနေခြင်းဖြစ်ပြီး 'ပကတိမီးသွေးကြော' များ ပြောင်းလဲရခြင်းရင်းမြစ်ကို စေ့စေ့စပ်စပ် ရှာဖွေဖော်ထုတ်နေခြင်း ဖြစ်၏။

မီးတောက်မိစ္ဆာများက 'ပကတိမီးသွေးကြော' ဆုံချက်များကို တစ်ချိန်တည်း ပေါက်ကွဲစေခဲ့ပြီး မီးလျှံကွန်ယက် ဗဟိုချက်ကိုတော့ ဖုံးကွယ်ထားခဲ့သည်။

ယခု ရန်ကျောက်ကဲကြောင့် ဆုံချက်တစ်ခု ပျက်ဆီးသွားသော်လည်း မီးလျှံကွန်ယက်၏ အလုံးစုံပြုပြင်ပေးမှုအောက်တွင် အရာအားလုံးက ပြန်လည်ဟန်ချက်ညီသွားခဲ့သည်။

သို့သော် ထိုအခြေအနေကို အကြောင်းပြုပြီး မီးလျှံကွန်ယက်လည်ပတ်မှုများကို အခြေခံကာ ရန်ကျောက်ကဲက ကွန်ယက်ဗဟိုချက်ကို ခြေရာခံနိုင်ခဲ့သည်။

ရေခဲနှင့်မီးတောက်များ ရောယှက်လျှက်ရှိသော ပင်လယ်ရေပြင်ကို ရန်ကျောက်ကဲ ချန်ထားရစ်ခဲသည်။

သို့သော် ယခု ထိုနေရာတွင် အခြားနေရာများကဲ့သို့ မီးတောက်များထွက်ပေါ်လာပြီး အဆုံးမရှိသောပင်လယ်ပြသည် မီးတောက်ပင်လယ်အဖြစ် ပြန်လည်ပြောင်းလဲသွားကာ ကမ္ဘာ့အဆုံးသတ်မြင်ကွင်းပမာ ဖြစ်နေမည်ကို ရန်ကျောက်ကဲ အာရုံခံနိုင်သည်။

ထိုသို့ ပုံမှန်မဟုတ်သည့်အခြေအနေများက ရပ်တန့်မသွားဘဲ ဆက်တိုက်ဖြစ်ပေါ်နေပါက ရက်ပေါင်းများစွာ ကြာလာသည့်အခါ အရှေ့ပင်လယ်ရေများအားလုံး အငွေ့ပျံခမ်းခြောက်သွားပေမလိမ့်မည်။ ဝေးလံသော သမုဒ္ဒရာများမှ ပင်လယ်ရေ ပြန်ပြည့်လာစေရန် အဆက်မပြတ် ထောက်ပံ့ပေးနေဦးတော့ မြေအောက်မီးတောက်များကြောင့် ပင်လယ်က ခမ်းခြောက်မြဲ ခမ်းခြောက်နေမည် ဖြစ်၏။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now