Book 29 Chapter 409

32 2 0
                                    

Uni

အခန်း (၄၀၉) ဝါဒတောင်မှာမြင်ကွင်းတွေအများကြီးရှိတယ်

ယင်လျိုဟွားကိုကြည့်ရင်း ရန်ကျောက်ကဲ မျက်ခုံတစ်ချက်ပင့်လိုက်သည်။

ထိုစဉ်...

ရေတံခွန်စီးဆင်းသံများကြားမှ ဖန်းယွင်ရှန်းအသံက ထိုးဖောက်ထွက်ပေါ်လာသည်။

"ဂိုဏ်းတူညီမလေး'ယင်' ၊ မင်း အချိန်ကြာကြာလေ့ကျင့်နိုင်မှ ပိုအဆင်ပြေမှာနော်"

သူမစကားကိုကြားတော့ လျိုယွင်ဟွားက အနည်းငယ် စိတ်တိုသွားဟန်ဖြင့်...

"ဒါပေမဲ့ ကျွန်မ ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး ၊ ဂိုဏ်းတူအစ်မ'ဖန်း' ကရော ဟိုးအရင်ကတည်းက ဒီလိုပဲ လေ့ကျင့်ခဲ့တာလား"

ဖန်းယွင်ရှန်းက...

"ငါ တောင်ပေါ်ရောက်လာတော့ သိုင်းပညာရှင်တစ်ယောက်ဖြစ်နေပြီ ၊ ဒါပေမဲ့ ငါ မင်းကို လေ့ကျင့်ခိုင်းတာက ငါ့စံချိန်အတိုင်း လေ့ကျင့်ခိုင်းတာမဟုတ်ဘူး ၊ အနိမ့်ဆုံးစံချိန်တစ်ခုအထိလျှော့ချပြီး လေ့ကျင့်ခိုင်းနေတာ ၊ မင်းက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ဆိုတော့ အဲဒါနဲ့ လိုက်လျောညီထွေဖြစ်တဲ့အထိ ငါ လျှော့ချပေးထားတယ်လေ"

ယင်လျိုဟွားက မကျေမနပ်ဖြင့်...

"ဒါဆို... ဂိုဏ်းတူအစ်မက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာ ဒီလိုမျိုး ကျင့်ကြံခဲ့တာမှမဟုတ်တာ ၊ ဒီလိုကျင့်ကြံနည်းမျိုးကို ဘယ်သူကက ခံနိုင်ရည်ရှိမှာတဲ့လဲ"

ဖန်းယွင်ရှန်းက သက်ပြင်းချရင်း...

"ငါက မင်း မလုပ်နိုင်တာတွေကို အတင်းအကျပ်လုပ်ခိုင်းနေတာ မဟုတ်ပါဘူး"

သူမက ဆက်ပြောသည်။

"မင်း ကျင့်ကြံခြင်းမှာ တခြားသူတွေထက် နောက်ကျပြီးမှ စတင်ခဲ့ရတာ ၊ သူတို့ကို အမီလိုက်ချင်တယ်ဆိုရင် ပိုပြီးကြိုးစားရမယ်လေ ၊ မင်းက လုပ်တောင်မလုပ်ရသေးဘူး မလုပ်နိုင်ဘူးဆိုတာပဲ အဆက်မပြတ်ပြောနေတော့... ဒီလိုသာဆိုရင် ဘယ်လိုရှေ့ဆက်မလဲ ၊ အခု မင်းရဲ့ စွမ်းအားက ငါ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်က စွမ်းအားရဲ့ (၈၀)ရာခိုင်နှုန်းကိုတောင် မမီသေးဘူး"

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now