Book 31 Chapter 431

28 3 0
                                    

Uni

အခန်း (၄၃၁) ပန်ပန်၏ဝိတ်လျှော့လေ့ကျင့်ခန်း

ဦးခေါင်းသုံးလုံးမြင်းကြီးက လေထဲသို့ ဒေါသတကြီးခုန်ဝင်သွားပြီး ရန်ကျောက်ကဲနှင့်အခြားသူများကို တိုက်ခိုက်လိုက်သည်။

ဖုရန်တိုင်းပြည် ဘုရင်မင်းမြတ်က တံခါးပိတ်ကျင့်ကြံနေသော်လည်း ပြင်းထန်သောတိုက်ပွဲကို အာရုံခံမိသည့်အတွက် ကျင့်ကြံရာမှထွက်လာပြီး ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းဖြစ်၏။ သူ လှုပ်ရှားလိုက်သည်နှင့် ခန်းဟယ်မြို့တော် ပင်မအစီအရင်သည်လည်း သက်ဝင်နိုးထလာသည်။

ဤသည်ကိုမြင်တော့ ကျိယွီအိမ်ရှေ့စံမှာ ကျောထဲပင်စိမ့်သွားရသည်။

"ဒါက အုပ်စုလိုက်တိုက်ခိုက်တဲ့ တိုက်ပွဲအစီအရင်မဟုတ်ဘူး ၊ ပထဝီဝင်အနေအထားအရ တည်ဆောက်ထားတဲ့ အစီအရင်တစ်ခုပဲ ၊ ဖုရန်တိုင်းပြည်က ဒီလိုမျိုး အစီအရင်တွေကိုတောင် လျှို့ဝှက်ပြီးတော့ လုပ်ဆောင်နိုင်နေပြီလား"

"ငါတို့ ကျိယွီသာ ဖုရန်ကို စစ်ချီတိုက်ခိုက်မယ်ဆိုရင်... သူတို့ဘက်က နယ်မြေအားသာချက်ရှိသလို ဒီလိုမျိုး အစီအရင်တွေနဲ့ဆိုရင် ငါတို့ဘက်က အလွယ်လေးရှုံးနိမ့်သွားမှာပဲ"

"ဒီတစ်ခေါက် ခရီးထွက်လာတာ ဖုရန်တိုင်းပြည်အကြောင်း အတော်သိလိုက်ရတယ် ၊ တကယ်ကို အလဟသမဖြစ်ဘူးပဲ"

သူတွေးနေစဉ်မှာပင် ကောင်းကင်ထက်သို့ အနက်ရောင်မုန်တိုင်းနှင့်အတူ ပျံသန်းသွားသည့် တည်းခိုဆောင်အတွင်းမှ ခပ်မှိန်မှိန် ဓားအလင်းရောင်တစ်ချက် ထွက်ပေါ်လာသည်။

ထိုဓားအလင်းတန်းက ‌ဦးခေါင်းသုံးလုံးမြင်းကြီး၏ လည်ပင်းထံသို့ ကျရောက်သွားပြီး ထိုသတ္တဝါကြီးထံမှ ညည်းတွားသံတစ်သံ ထွက်ပေါ်လာသည်။

တည်းခိုဆောင်ကို လွှမ်းခြုံထားသော အနက်ရောင်မုန်တိုင်းက မှိန်ဖျော့သောဓားဝိညာဉ်ဖြင့် ပေါင်းစပ်သွားပြီး ပိုမိုပြင်းထန်လာကာ မုန်တိုင်းအတွင်းထဲတွင် တည်ရှိနေသော တည်းခိုဆောင်ကိုပင် တွေ့မြင်နိုင်ရန် ခဲယဉ်းသွားသည်။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIOpowieści tętniące życiem. Odkryj je teraz