Book 32 Chapter 451

30 5 0
                                    

Uni

အခန်း (၄၅၁) အခြားသူတွေနဲ့မတူတဲ့သူ

ရန်ကျောက်ကဲ ဟယ်ယင်ကိုကြည့်ရင်း အတွေးများလွင့်ပါးသွားသည်ပင်။ ထိုခဏတွင် သူ့အတွေးများ ဘယ်ဆီလွင့်မျောသွားကြောင်း မည်သူသိပါမည်လဲ။

သူ့စိတ်အာရုံတွင် ပုံရိပ်များ တစ်ခုပြီးတစ်ခု ထင်ဟပ်လာပြီး ထိုပုံရိပ်များက မဝေးတော့သည့်အနာဂတ်ကို ကိုယ်စားပြုနေသည့်အလား ထင်မှတ်ရသည်။

ထိုအတွေးပုံရိပ်များမှာ...

မျောလွင့်ဝိညာဉ်ကမ္ဘာကို ယာယီအုပ်စိုးနေသည့် မိစ္ဆာဘုရင်ကြီး'ရန်ကျောက်ကဲ' က အမြင့်ဆုံးအာဏာဖြင့်မိုးမြေတစ်ခွင် မောက်မာစွာ လွှမ်းမိုးချုပ်ကိုင်လျှက် မကောင်းမှုမျိုးစုံကိုလည်း သူ့စိတ်တိုင်းကျ လုပ်ဆောင်လျှက်ရှိသည်။

သူက သွေးနီတိမ်တိုက်ဂိုဏ်းမှ အလွန်တရာ ချောမောလှပသော တပည့်မလေး "ဟယ်ယင်" ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဟယ်ယင်နှင့် မေတ္တာမျှနေသော လူငယ်လေးသည် မိစ္ဆာကြီး'ရန်ကျောက်ကဲ' ကို အနိုင်ယူပြီး ချစ်ရသူကိုကယ်တင်ရန် ကတိသစ္စာပြုခဲ့သည်။

ထိုလူငယ်လေးက အရင်က လုံးဝ အသုံးမကျသူတစ်ယောက် ဖြစ်သည်။ သို့သော် ယခု ကံကြမ္မာအနိမ့်အမြင့်များနှင့် ရင်ဆိုင်ကြုံတွေ့ရပြီး ညတွင်းချင်းပင် ကောင်းကင်ဘုံမှကံကြမ္မာဖြင့် နဂါးတစ်ကောင်အလား ထက်မြက်လာခဲ့သည်။

လောလောဆယ် သူက အရမ်းအားနည်းသေးသော်လည်း သူ၏ကျင့်ကြံခြင်းက လျှင်မြန်စွာမြင့်တက်လျှက်ရှိ၏။ သူ့ဘယ်ဘက်လက်တွင် လျှို့ဝှက်ကျမ်းစာတစ်အုပ်ရှိနေပြီး ညာဘက်လက်တွင် မှော်ဝင်လက်နက်များကို ကိုင်ဆောင်ထားသည်။ သူ့ခါးတွင် နတ်ဘုရားဆေးလုံးများချိတ်ဆွဲထားပြီး သူ့ရင်ဘတ်ထက်တွင်တော့ ဆရာသခင်တစ်ယောက်၏တန်ခိုးစွမ်းအားများ ပုန်းခိုလျှက်ရှိ၏။

လူငယ်လေးစွမ်းအားမြင့်မားလာသည့်တစ်နေ့တွင် မိစ္ဆာကြီး'ရန်' ကို အနိုင်ယူပြီး ဖမ်းဆီးခံရသော အလှလေးကို ကယ်တင်ခဲ့သည်။

ထိုအတွေးများက ရန်ကျောက်ကဲခေါင်းထဲ ဖျတ်ခနဲ လှုပ်ရှားသွားသည့် ကြုံရာကျပမ်းအတွေးများသာဖြစ်သည်။ ခဏအကြာတွင် ရန်ကျောက်ကဲ သတိပြန်ဝင်လာပြီး ဟယ်ယင်ကို အကဲခတ်ရင်း အနည်းငယ်ထူးဆန်းစွာ ငေးကြည့်နေမိသည်။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIحيث تعيش القصص. اكتشف الآن