Book 31 Chapter 442

40 5 0
                                    

Uni

အခန်း (၄၄၂) ပြိုင်ဘက်ကင်း

သွေးနီတိမ်တိုက်ဂိုဏ်းချုပ် 'လုမင်' ၏ စိတ်ထဲတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်တစ်ခုကို ဖြစ်တည်လာသည်။

သူတို့ သိုင်းဂိုဏ်း (၃) ဂိုဏ်းပူးပေါင်းပြီး အနောက်ဒေသသို့ကျူးကျော်ရသည့် အဓိကပစ်မှတ်မှာ နဂါးစိမ်းတောင်ကို အမြစ်ပြတ် ချေမှုန်းရန် ဖြစ်၏။

နဂါးစိမ်းဂိုဏ်းအပြင် နှင်းကြိုးကြာဂိုဏ်းကိုလည်း ချေမှုန်းရမည်ဖြစ်သည်။ ထိုဂိုဏ်းက အားနည်းသယောင်ထင်မှတ်ရသော်လည်း တကယ်တမ်းတွင် ထူးခြားသောစွမ်းအားများကို ပိုင်ဆိုင်ထားသည် မဟုတ်လား။

ထိုအချက်က လုမင်နှင့် အခြားဂိုဏ်းချုပ် (၂)ယောက်ကို မကျေမနပ်ဖြစ်စေသောကိစ္စပင်။

သူတို့အားလုံးက ရန်ကျောက်ကဲကို ခပ်ပေါ့ပေါ့ တွေးခဲ့ကြသည်။ ရန်ကျောက်ကဲထက် သူ့တွင်ရှိနေသော ဖီရှိုးသတ္တဝါက ပိုမိုအရေးကြီးသည်ဟု ယူဆခဲ့ကြသည်။

သို့သော် ယနေ့အဖြစ်အပျက်၏အမှန်တရားကို ရန်ကျောက်ကဲက ထုတ်ဖော်ပြောလိုက်သည့်အခါ သူတို့ဦးခေါင်းထက်သို့ ကြီးမားသောသံတုတ်ကြီးဖြင့် ရိုက်နှက်ခံရသလို အချိန်အတန်ကြာ ခေါင်းမဖော်ဝံ့အောင် ရှိကြသည်။

ယခု သူတို့အားလုံး အသက်အန္တရယ်ရှိမည်ဆိုလျှင်တောင်မှ ဤထိပ်သီးသိုင်းဂိုဏ်းကြီး (၃) ဂိုဏ်းက နဂါးစိမ်းတောင်အပေါ် ထားရှိသော အတွေးအမြင်နှင့် သဘောထားကွဲလွဲမှုများကို သည်းခံရန် ပို၍ခက်ခဲမည်သာ။

ရန်ကျောက်ကဲ၏ အဆင့်မြင့်မှော်ဝင်ဓားဖြစ်သော 'အစိမ်းရောင်ချောက်နက်ဓား' က အစိမ်းရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏အင်္ကျီလက်ထဲမှ ပျံသန်းထွက်ခွာသွားသည်။

လုမင် သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။

ရန်ကျောက်ကဲ၏ ဓားဝိညာဉ်က သူတို့ဂိုဏ်း၏ထိပ်တန်းရတနာပစ္စည်းဖြစ်သော အနီရောင်ဘူးသီးခြောက်ကို ခုတ်ပိုင်းချလိုက်သည့်အခါ လုမင်က ရှည်လျားသည့် ကြုံးဝါးသံတစ်သံ အော်ဟစ်လိုက်သည်။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWo Geschichten leben. Entdecke jetzt