Chapter - 28.3

327 44 2
                                    




နောက်တစ်နေ့ နံနက်ကိုးနာရီတွင် ထိပ်သီးဆွေးနွေးပွဲကို ဖွင့်လှစ်ခဲ့သည်။

လော့ချီသည် ကျန်းရှန်းဟယ်နှင့်အတူ ဆယ်မိနစ်ကြိုပြီး နေရာကို လိုက်သွားခဲ့သည်။ သူမသည် ခေါင်းလှည့်ကြည့်ကာ သူမရှေ့မှလူကို မြင်လိုက်ရသောအခါ လန့်သွားရ၏။ ဖေရှစ်ရှောင်းလည်း ရောက်လာသည်။

ယွမ်ဝေအဆောက်အဦးအဝင်ဝမှာ သူက သူမအား ထပ်ပြီးလာမတွေ့တော့ဘူးလို့ ပြောလိုက်တဲ့ အချိန်ကစပြီး သူမကို ဘယ်တော့မှ ထပ်မနှောင့်ယှက်တော့ဘူး။

နှစ်သစ်ကူးအကြိုတွင် သူမသည် အမည်မသိနံပါတ်တစ်ခုထံမှ မက်ဆေ့ချ်တစ်ခု လက်ခံရရှိခဲ့သည်။ မက်ဆေ့ချ်တစ်စောင်တည်းသာ...

[ လော့ချီ Happy New Year ပါ မင်းအတွက် အားလုံးအဆင်ပြေပါစေလို့ ကိုယ်ဆုတောင်းပေးပါတယ် ]

သူမ အကြောင်းမပြန်ခဲ့ပါ ၊ သူပဲဖြစ်လိမ့်မယ်။

ဖေရှစ်ရှောင်းသည် သူမက ဤထိပ်သီးအစည်းအဝေးကို လာနိုင်ကြောင်း ခန့်မှန်းထားသောကြောင့် သူ ဒီနေ့ ဒီကိုလာဖို့ အစီအစဉ်တွေ ချမှတ်ခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည် တုန်ပေါ်ဆေးဘက်ဆိုင်ရာတွင် ပါဝင်နေပြီဖြစ်သောကြောင့် သူဒီကိုလာရန် ကျိုးကြောင်းဆီလျော်ပြီး သူမ၏လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်လာသည်ဟု ယူဆလို့မရပါ။

မဒမ်ဖေက သူမကို ပုတ်လိုက်၏။

"ပြီးခါနီးပြီ"

ဖေရှစ်ရှောင်း တွန့်ဆုတ်စွာဖြင့် အကြည့်လွှဲသွားသည်။

"သူမ အခု ကျွန်တော့်ကို သိပ်မမုန်းလောက်တော့ပါဘူး"

"ဒါဆို မင်းအစီအစဥ်ကဘာလဲ"

"ကျွန်တော် သူမကို နောက်တစ်ကြိမ် ပြန်ပိုးပန်းမယ်"

မဒမ်ဖေသည် သူ့ကို လျစ်လျူရှုပြီး သူ့အတွက် သူမလုပ်ပေးနိုင်သမျှကို ဆက်လုပ်ပေးရန်သာ ၊ ယခုအချိန်ထိ သူမ လုပ်ပေးလာခဲ့သည်မှာ နှစ်ဝက်ကျော်လာခဲ့လေပြီ။ အဆုံးမှာ သူတို့နှစ်ယောက် ပြန်တွဲနိုင်သည်ဖြစ်စေ မတွဲနိုင်သည်ဖြစ်စေ သူမက သူ့သားအတွက် အကောင်းဆုံးကြိုးစားခဲ့သည်။

ဒါရိုက်တာဘုတ်အဖွဲ့သည် အောက်တိုဘာလတွင် ပြောင်းလဲမည်ဖြစ်သည်။ သူမသည် ယနေ့အထိ စောင့်မျှော်နေခဲ့သည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သည်။

7years Secret Love ( ဘာသာပြန် )Where stories live. Discover now