Chapter-4.2

570 64 0
                                    



ဇွန်လ ၇ ရက်နေ့အထိ ဆေးရုံလူနာဆောင်တွင်ဖြစ်စေ ကုမ္ပဏီ၏အဆင့်မြင့်အစည်းအဝေးတွင်ဖြစ်စေ လော့ချီသည် ကျန်းရှန်းဟယ်နှင့် မတွေ့ဆုံခဲ့ပေ။

ထိုအချိန်အတွင်း အတွင်းရေးမှူးကျွီက သူမကို ဖုန်းဆက်ပြီး စူကျိုးသို့ အမြန်ရထားလက်မှတ်ကို ကြိုတင်မှာယူရန် သူမ၏ ID ကတ်အချက်အလက်ကို တောင်းဆိုခဲ့သည်။ လော့ချီက ဟိုဟိုဒီဒီ ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ နေရာကို လှမ်းမေးသည်။

ကျန်းရှန်းဟယ်၏ ညွှန်ကြားချက်အရ အတွင်းရေးမှူးကျွီသည် စူကျိုးမြို့လယ်ရှိ ကြယ်ငါးပွင့်ဟိုတယ်တွင် ကြိုတင်စာရင်းသွင်းခဲ့သည်။ မြို့ပြမှာ အားလုံးအဆင်ပြေပေမဲ့ ယာဉ်ကြောပိတ်ဆို့မှုက တော်တော်များတယ်။

ဘော့စ်က အလုပ်ကိစ္စနဲ့ ခရီးသွားတုန်းက လူရှုပ်တဲ့နေရာတွေမှာ နေရတာကို မကြိုက်ဘူး။ ယခုတစ်ကြိမ်တွင် သူက ခြွင်းချက်တစ်ခုပြုလုပ်ခဲ့သည်။ သူက သူငယ်ချင်းတစ်ဦးနှင့် တွေ့ဆုံလိုကြောင်း၊ မြို့လယ်ခေါင်တွင် နေထိုင်ရတာ ပိုအဆင်ပြေသည်ဟု ဆိုသည်။

လော့ချီ ဟိုတယ်၏လိပ်စာကိုကြားသောအခါတွင် သူမ၏အိမ်ရှိရာလမ်းကြားမှ မီတာငါးရာသာ ကွာဝေးသောကြောင့် ညဘက်အိမ်ပြန်ရန် အချိန်အလုံအလောက်ရခဲ့သည်။ အတွင်းရေးမှူးကျွီအနေဖြင့် လော့ချီက စူကျိုးမှဖြစ်သည်ကို သိသော်လည်း သူမ၏မိသားစုသည် မည်သည့်နေရာတွင်နေထိုင်သည်ကို သူမ မသိပေ။

"မင်းအိမ်က ဟိုတယ်နဲ့ ဝေးသလား? ဒီတခေါက်ခရီးစဉ်က သိပ်မကျပ်ဘူး.. သိပ်မဝေးရင် အိမ်ပြန်ပြီး ညအိပ်လို့ရတယ်"

"အရမ်းနီးတယ် ဆယ်မိနစ်လောက် လမ်းလျှောက်ရုံလေးပဲ အကယ်လို့ အလုပ်ညစာစားပွဲ မရှိဘူးဆိုရင်တော့ ကျွန်မ ရှင့်ရဲ့လမ်းပြလုပ်ပြီး ခေါ်သွားပေးလို့ရတယ်"
 
အတွင်းရေးမှူးကျွီက ယဉ်ကျေးမနေတော့ဘဲ

"ဒါဆို ငါ မင်းကို သေချာအားကိုးမယ်နော်.. ၈ ရက်နေ့ညမှာ ညစာစားပွဲမရှိဘူး အဲ့ဒါက ဥက္ကဌကျန်းရဲ့သီးသန့်ခရီးစဉ်၊ ဥက္ကဌကျန်းမှာ သီးသန့်အစီအစဉ်တွေ ရှိနေသရွေ့ သူက ငါတို့ကို အားလပ်ရက်ပေးမှာမလို့ ငါတို့ သူ့နောက်လိုက်ဖို့ မလိုအပ်ဘူး.. ညနေဆို ငါတို့နှစ်ယောက် ဈေးဝယ်ထွက်လို့ရတယ် ။ ဈေးဝယ်ပြီးရင် အိမ်ပြန်ပြီး အနားယူလို့ရတယ်"

7years Secret Love ( ဘာသာပြန် )Where stories live. Discover now