Chapter-14.1

542 54 0
                                    




လော့ယွီသည် လော့ရှင်းက ကားထဲမှဆင်းပြီး လူကို ချက်ချင်းရိုက်မည်ဟု မမျှော်လင့်ထားပေ။ သူမ ဗီဒီယိုရိုက်ကူးမှုကို ပိတ်ရန် ဖုန်းစခရင်ကို နှစ်ကြိမ်တိတိ အပြင်းအထန် နှိပ်လိုက်ပြီး အိတ်ထဲတွင် ထည့်ထားလိုက်သည်။ သူမ ကားတံခါးကိုဖွင့်ပြီး သူတို့ဆီ ပြေးသွားကာ တံခါးဖွင့်လျက်သားဖြင့် အပြေးအလွှား ဦးတည်သွားလိုက်သည်။

ချွေ့ဖုန်း၏ထိတ်လန့်မှုကို အခွင့်ကောင်းယူပြီး လော့ယွီက သူမဆံပင်ကိုဆွဲယူကာ ချွေ့ဖုန်း၏မျက်နှာကို ပါးရိုက်လိုက်သည်။ သူမဒေါသမှာ မပြေလျော့သေးဘဲ နောက်ပြန်လက်ဖြင့် ပါးထပ်ရိုက်လိုက်ပြန်သည်။

"နင်က ငါ့ကို နှစ်ဝက်လောက် အရမ်းရွံရှာစေခဲ့တာ! ငါ တစ်နှစ်ခွဲလောက် နင် ပျော်ရွှင်မြူးထူးနေတာကို မြင်ခဲ့ရတာ! နင်က အရမ်းဈေးပေါတာပဲ! ဖေရှစ်ရှောင်းအတွက် ပြီးပြည့်စုံတဲ့တွဲဖက်ပါပဲ"

ချွေ့ဖုန်းမှာ နှစ်ကြိမ် ပါးရိုက်ခံရပြီး အံ့သြသွားခဲ့သည်။ လော့ယွီက ဆောင့်ဆွဲလိုက်သောအခါတွင် သူမရဲ့ဆံပင်တစ်စုစာလောက်ကို ဆွဲပါသွားကာ သူမ ရုန်းကန်လိုက်သောအခါတွင် သူမ၏လည်ပင်းအား လော့ယွီ၏လက်သည်းများဖြင့် ကုတ်ခြစ်မိသွားခဲ့သည်။

သို့သော်လည်း လော့ယွီရဲ့သန်မာမှုကတော့ ရှိနေဆဲဖြစ်လို့ ချွေ့ဖုန်းကို ရှင်းလင်းရေးလုပ်ရာမှာ သူမ လွန်လွန်ကဲကဲ မဖြစ်ခဲ့လေဘူး။ သူမ လော့ရှင်းကို တားဖို့ ပြေးသွားလိုက်သည်။ လော့ရှင်းက ဖေရှစ်ရှောင်းကို အပြင်းအထန် ရိုက်နှက်မှာကို သူမ စိတ်ပူသည်။ သူက အရမ်းဒေါသထွက်နေတာ! ဒါပေမဲ့လည်း ဖေရှစ်ရှောင်းသာ ကိုယ်လက်အင်္ဂါချို့တဲ့ပါက ဖေရှစ်ရှောင်းရဲ့မိသားစုသည် ငြိမ်မနေဘဲ သူမ၏ဝမ်းကွဲကိုပင် သွားရှာပေလိမ့်မည်။

"လော့ရှင်း!"

သူမက သူ့ကို အနောက်ကနေ ပွေ့ဖက်လိုက်ပြီး

"သူ့ကိုရိုက်နေတာ ရပ်လိုက်တော့! လုံလောက်ပြီ ဒီလိုလူမျိုးအတွက်နဲ့ ထောင်ကျဖို့ မထိုက်တန်ဘူး!"

လော့ရှင်း ရုန်းကန်ရင်း မျက်လုံးတွေနီရဲလာသည်။ သူ့ကို ထပ်ရိုက်ချင်ပေမဲ့ သူ့ညီမက သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ လော့ယွီကို မတော်တဆ ထိခိုက်မိမှာကြောက်လို့သာ သူ ဖြည်းဖြည်းချင်း စိတ်ငြိမ်အောင်ထားလိုက်သည်။

7years Secret Love ( ဘာသာပြန် )Where stories live. Discover now