Chapter - 28.1

367 47 2
                                    




လော့ချီသည် သူမ၏ဘော့စ်နှင့် ချူလင်းမှာ ယနေ့တွင် ဘလိုင်းဒိတ်တွေ့ကြပြီး ၎င်းတို့နှစ်ဦးစလုံးက မကျေမနပ် ဖြစ်နေကြသည်ကို တွေ့ရှိခဲ့သည်။ ထမင်းစားရန် ထိုင်လိုက်သည့်အချိန်ကတည်းက သူတို့နှစ်ယောက်ကြား အဆက်အသွယ် လုံးဝမရှိခဲ့။

ကံကောင်းထောက်မစွာဖြင့် အသက်ကြီးသူနှစ်ဦးစလုံးသည် ကျိုးကြောင်းဆီလျော်ပြီး ၎င်းတို့နှစ်ဦးကို လိုက်ဖက်ရန် တမင်မကြိုးစားခဲ့ကြသောကြောင့် စားသောက်နေစဉ်အတွင်း လေထုသည် အလွန်ကိုးရိုးကားရားနိုင်ခြင်း မရှိခဲ့ပေ။

ရှောင်ကျန်းနှင့်လီရွေ့တို့သည် အပေါင်းအသင်းကောင်းသော အမျိုးအစားများဖြစ်ပြီး စားပွဲသည် တဖြည်းဖြည်း ပို၍ သက်တောင့်သက်သာ ဖြစ်လာသည်။

ချူလင်းသည် လော့ချီကို လုံးဝဥဿုံ အာရုံစိုက်ထား၏။ သူမသည် လော့ချီကို ရံဖန်ရံခါ စိုက်ကြည့်ကာ လော့ချီ၏ရင်းနှီးသော မျက်ခုံးများမှတစ်ဆင့် တခြားလူတစ်ယောက်ကို ရိပ်ခနဲမြင်နေရသည်။ သူမက အဖြေသိလျက် မေးလိုက်သည်။

"လော့ချီ နင်က စူကျိုးကလား"

လောင်ချူက သူ့သမီးကို လက်ဖြင့်ပုတ်လျက်

"စန္ဒယားတီးလို့ မိုက်မဲသွားတာလား? မင်း ရှောင်လော့ကို ဘာလို့ သူမနာမည်နဲ့ခေါ်ရတာလဲ ရှောင်လော့က မင်းထက် လအနည်းငယ်ကြီးတယ်"

လော့ချီက ပြုံးရင်းဖြင့်

"ကိစ္စမရှိပါဘူး ကျွန်မတို့အားလုံးက အသက်အရွယ်တူပြီး တစ်ယောက်ကိုတစ်ယောက် နာမည်ခေါ်တာက အရင်းနှီးဆုံးနည်းလမ်းပဲ"

သူမက ချူလင်းကို ပြန်ဖြေ၏။

"ဟုတ်ပါတယ် ငါ့ရဲ့မိသားစုက မြို့ဟောင်းကပါ"

ချူလင်းက သူမကိုပြုံးပြပြီး ပြီးပြည့်စုံသော စူကျိုးဒေသိယစကားဖြင့်

"နင်တို့ရဲ့စူကျိုးဒေသိယစကားက အရမ်းလှတာပဲ ငါအကြိုက်ဆုံးမြို့က စူကျိုးမြို့ပဲ"

သူမသည် စူကျိုးဒေသိယစကားကို ကောင်းစွာပြောတတ်ပြီး သူ့သမီးသည် အခြားဒေသိယဘာသာစကားကို ပြောဆိုနိုင်သည်ကို မသိသော လောင်ချူအပါအဝင် လူတိုင်း အံ့အားသင့်သွားကြသည်။ သူ့သမီးက စူကျိုးမြို့ကို သူမဖျော်ဖြေပွဲ၏ ပထမဆုံးအဖြစ် ရွေးချယ်ခဲ့သည်။ သူမရည်းစားဟောင်းနဲ့ ပတ်သတ်တဲ့ အကြောင်းပြချက် ရှိလို့လား?

7years Secret Love ( ဘာသာပြန် )Nơi câu chuyện tồn tại. Hãy khám phá bây giờ