Chapter - 28.2

324 38 1
                                    




ဟိုတယ်ခန်းထဲပြန်ရောက်တော့ လော့ချီသည် သူမဝမ်းကွဲဆီမှ ဖုန်းခေါ်တာကို ပြန်ဖြေ၏။ လော့ယွီက ဖုန်းထဲတွင် ငိုယိုပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်သည်။ လော့ချီ၏သခွားသီးပျိုးပင်လေးများ သေဆုံးသွားပါပြီ။

"အစ်မ ငါ့ကိုခွင့်လွှတ်ပါ ခွင့်လွှတ်ရမယ်နော် ငါ သူတို့ကို ရေလောင်းများသွားလို့ဖြစ်မယ် ဒါပေမဲ့ အမြစ်တွေပုပ်သွားလို့ မှားသွားတာတော့ သေချာပါတယ်"

သူမဝမ်းကွဲရဲ့ချစ်ခြင်းမေတ္တာနှင့် သခွားသီးပျိုးပင် - နှစ်ယောက်စလုံး သူမလက်ထဲမှာ သေဆုံးသွားခဲ့တယ်။

"ရပါတယ် ဘာပဲဖြစ်ဖြစ် စိုက်ချိန်က မှားနေတာပဲလေ"

လော့ချီက သူမဝမ်းကွဲကို စိတ်ချလက်ချရှိစေ၏။

"ငါ နောက်နွေဦးပေါက်မှာ ထပ်စိုက်မယ်"

လော့ယွီသည် လသာဆောင်တွင် ပလပ်စတစ်တဲကို ထုပ်ပိုးပြီး သူမဝမ်းကွဲအတွက် တစ်နေ့တွင် သခွားသီးကို အောင်မြင်စွာ စိုက်ပျိုးမည်ဟု ကတိပြုခဲ့သည်။

ဤပန်းတိုင်ကိုတွေးတောရင်း သူမသည် သခွားပင်များကို ဂရုတစိုက် ပြုစုပျိုးထောင်နည်းကို လေ့လာရန် သက်ဆိုင်ရာ ဘလော့ဂ်များကို ဖော်လိုလုပ်ထားခဲ့သည်။

နောက်တစ်နှစ် ဧပြီလကုန်တွင် သခွားစေ့ထုပ်အသစ်ဝယ်ပြီး ညွှန်ကြားချက်အတိုင်း စိုက်ပျိုးခဲ့သည်။

သူမဝမ်းကွဲပြောတာမှန်တယ် - နောက်ဆုံးအသုတ်မှာ သခွားသီးတွေပွင့်ပြီး အသီးမသီးရတဲ့ အကြောင်းရင်းက အချိန်မှားစိုက်ထားလို့ပါပဲ။ ယခုနှစ်ပျိုးပင်အသစ်သည် စိုက်ပျိုးပြီး ရက်အနည်းငယ်အတွင်း သခွားသီးအညှောက်ပေါက်ကာ ကောင်းစွာကြီးထွားလာခဲ့သည်။

ရာသီဥတုက ပူပြီးရင်းပူလာတဲ့အတွက် လသာဆောင်က လုံလုံလောက်လောက် မနွေးထွေးတော့မှာကို စိုးရိမ်စရာ မလိုတော့ဘူး။ ဇွန်လတွင် သခွားနွယ်ပင်များ တက်လာပြီး သူမနှင့် သူမဝမ်းကွဲတို့က နောက်ထပ်သခွားသီးပင်ကို စိုက်ကြသည်။

ဒီနေ့ဟာ လော့ယွီရဲ့အားလပ်ရက်ဖြစ်ပြီး သူမ မနက်အစောကြီးရောက်လို့လာသည်။ သူမ ဒီကို မရောက်တာ သုံးရက်လောက်ရှိပြီ၊ ဒါပေမဲ့ သခွားသီးတွေဟာ အချိန်တိုအတွင်းမှာ အဝါရောင် ပန်းပွင့်လေးတွေ ပွင့်လာခဲ့၏။ စုစုပေါင်း သခွားသီးသေးသေး တစ်ဒါဇင်ကို သူမ ရေတွက်လိုက်သည်။

7years Secret Love ( ဘာသာပြန် )Where stories live. Discover now