Chapter-6.2

550 60 1
                                    

စူကျိုးရှိရာသီဥတုဟာ မသေချာတော့ဘဲ ရံဖန်ရံခါ နေရောင်ခြည်ကြောင့် မိုးဖွဲဖွဲလေးရွာတတ်ပြီး ယခုအခါ မိုးရွာနေပြန်ပါသည်။ လော့ချီ မိုးရွာစပြုချိန်တွင် ကျောက်တံတားပေါ်သို့ ခြေလှမ်းလှမ်းလိုက်သည်။ လမ်းလျှောက်ရင်းဖြင့် အိတ်ထဲကထီးတစ်လက်ကို ထုတ်ပြီး တံတားပေါ်ကို အမြန်လျှောက်သွား၏။

"အမေ သမီး ပြန်လာပြီ"

သူမ ခြံထဲသို့ဝင်လိုက်သည်နှင့် အိမ်ထဲသို့ လှမ်းခေါ်လိုက်သည်။ ကျန်းရိဖန်က တံခါးကိုဖွင့်ပြီး

"အထဲကိုဝင်လာ မိုးရေစိုနေပြီလား"

"မစိုပါဘူး သမီးမှာ ထီးပါတယ်"

လော့ချီက ထီးပေါ်ကရေတွေကို လှုပ်ခါလိုက်ပြီး အဝေးတွင်တင်ထား၏။ အခန်းထဲတွင် လေအေးပေးစက်ကို ဖွင့်ထားသော်လည်း တံခါးဝသို့ ဝင်လိုက်သည်နှင့် စိုစွတ်မှုအနည်းငယ်က သူမနှာခေါင်းကို ရိုက်ခတ်နေသေးသည်။ ကျန်းရိဖန်က သူ့သမီးကို ဖိနပ်စင်မှ ဖိနပ်တစ်ရံကို ပေးပြီး သမီးရဲ့အိတ်ကို ယူလိုက်သည်။

"ညစာ ဘာစားခဲ့လဲ? အမေက သမီးအတွက် ဆန်ပြုတ်လုပ်ပေးထားတယ်"

"သမီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အသားကင်စားလာပါတယ်"

လော့ချီက သူမလက်တွေကို သူမအမေရဲ့ ပုခုံးပေါ်တင်ပြီး အမေဖြစ်သူကိုမှီလျက် ဆိုဖာဆီကို လျှောက်လာသည်။

"အမေ ဘယ်ခေါင်းလျှော်ရည်သုံးတာလဲ အနံ့အရမ်းကောင်းတယ်"

"ဈေးဝယ်တုန်းက နမူနာတချို့ ရခဲ့တာ"

"အဖေ ဘယ်တော့ပြန်လာမှာလဲ"

"သမီးအဖေက ရှန်ဟိုင်းမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက ရောက်နေတာဆိုတော့ ဘယ်အချိန်ပြန်လာမယ်မှန်း အမေမသိဘူး"

"သမီး အဖေ့ကို ဗီဒီယိုကောလ်ခေါ်လိုက်သေးတယ် သူ ကိုယ်အလေးချိန်ကျပြန်ပြီ အဖေ့ကို များများစားခိုင်းလိုက်"

"အမေ သူ့ကိုပြောပါတယ် သမီးအဖေက နားမထောင်ဘူး သူ ဝိတ်ချချင်တယ်လို့တောင် ပြောနေတာ သမီးမင်္ဂလာဆောင်တဲ့အချိန် suit နဲ့ကြည့်ကောင်းအောင်လို့တဲ့လေ"

7years Secret Love ( ဘာသာပြန် )Where stories live. Discover now