Chapter-7.1

522 48 1
                                    



လော့ချီ ဗီရိုထဲမှ ကြိုးပါးပါးလေးတစ်ထည်ကို ရှာတွေ့ပြီး ဝတ်ကာ မှန်ရှေ့တွင် ခဏရပ်၍ ရှည်လျားပြီး အနည်းငယ်ရှုပ်နေသော ဆံပင်များကို ဖြီးလိုက်သည်။ သူမအမေ အိပ်ပျော်နေပြီလား မသိတာကြောင့် အိပ်ခန်းတံခါးကို သေသေချာချာဖွင့်ပြီး ပြန်ပိတ်လိုက်၏။ အိမ်ရှေ့တံခါးကို ရောက်တာနှင့် သူမအမေရဲ့ အိပ်ခန်းတံခါးက ပွင့်သွားလေသည်။

ကျန်းရိဖန်က သန့်စင်ခန်းသို့သွားရန် အပြင်ထွက်ရန်အထွက် သူမသမီးက အဝတ်အစားများ ပြောင်းဝတ်ထားသည်ကို တွေ့လိုက်ရသည်။

"ဒီလောက်နောက်ကျနေမှ သမီး ဘယ်ကိုသွားမလို့လဲ? တစ်ယောက်တည်းသွားရတာ မလုံခြုံဘူး အမေ သမီးနဲ့အတူလိုက်ခဲ့ပေးမယ်"

"မလိုပါဘူး ဖေရှစ်ရှောင်းက လမ်းထိပ်မှာရောက်နေလို့ပါ"

"ရှစ်ရှောင်းက ဒီရောက်နေတာလား?"

"အင်း သူက ကျွန်မကို surprise လုပ်တာလို့ ပြောတာပဲ"

အဲဒီလူက သူတို့အိမ်တံခါးကို ရောက်နေပြီပဲ သူ့ကို အိမ်ထဲမဖိတ်စရာ အကြောင်းပြချက် မရှိတော့ဘူး။

ကျန်းရိဖန်က ဆိုဖာကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး နှစ်လှမ်း သုံးလှမ်းလောက် လှမ်းကာ

"ရှစ်ရှောင်းကို အိမ်မှာပဲထိုင်ခိုင်းလိုက် အပြင်မှာပူတယ်"

ဆိုဖာပေါ်တွင် ခေါင်းအုံးများကို အလျင်အမြန်စီစဉ်နေစဉ်တွင် သူမက သမီးဖြစ်သူကို ပြော၏။

"၁၅မိနစ်လောက် အပြင်မှာနေလိုက်အုံး အမေ့ကို အချိန်ခဏပေး"

"အမေ တမင်တကာ သပ်ရပ်နေဖို့ မလိုပါဘူး အိမ်ကသန့်ရှင်းပြီးသားပါ"

"အဲဒါမကောင်းဘူး"

ကျန်းရိဖန်သည် စားပွဲပေါ်ရှိ ထွေလီကာလီ ပစ္စည်းမျိုးစုံကို အံဆွဲထဲ ထည့်လိုက်၏။

"ရှစ်ရှောင်း ပြန်ရောက်တာ အရမ်းနောက်ကျနေပြီ သူ ညစာ စားပြီးပြီလား မသိဘူး မီးဖိုချောင်မှာ စားစရာတွေလဲ ရှိတယ်"

"သူ စားချင်လားလို့ သမီးမေးလိုက်မယ်"

လော့ချီ တံခါးဖွင့်ပြီး ထွက်သွားသည်။ အေးမြသော မိုးဖွဲလေးများဟာ ခြံဝင်းကြီးပေါ်တွင် ကျဆင်းနေဆဲ ၊ သူမ ထီးမပါဘဲ ပြေးထွက်လာခဲ့သည်။ ဖေရှစ်ရှောင်းက ကျောက်တံတားဘေးတွင် ရပ်နေပြီး သူမကို စောင့်နေပါ၏။

7years Secret Love ( ဘာသာပြန် )Where stories live. Discover now