Chapter - 22.2

411 49 1
                                    




ကုမ္ပဏီကိုပြန်ရောက်တော့ ကျန်းရှန်းဟယ် ပြေစာထုတ်ပြီး ကြည့်လိုက်သည်။ ဤသည်မှာ သူမနှင့် တစ်ယောက်တည်း စားရသည်မှာ ပထမဆုံးအကြိမ်ပင် ၊ အလုပ်ထမင်းစားရန် အကြောင်းပြချက်ဖြင့်သာ သူ့ကိုယ်သူ ဖုံးကွယ်ထားနိုင်သည်။ သူက အဲဒါကို ခေါက်ပြီး အံဆွဲထဲမှာ ထည့်ထားသည်။

သူ့ပိုက်ဆံအိတ်ထဲက ကတ်တစ်ကတ်ကို ထုတ်လိုက်သည်။ ၎င်းသည် သူ့ဘဝတွင် ပထမဆုံးအကြိမ် လျှောက်ထားခဲ့ဖူးသော အကန့်အသတ်မရှိ black card ဖြစ်သည်။ ကျန်းရှန်းဟယ်သည် မှတ်စုရေးရန် စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်ပြီး ကတ်ရဲ့ password ကိုရေး၍ ကတ်ပေါ်တွင် မှတ်စုကို ကပ်ထားသည်။

သူ လော့ချီထံ စာတိုတစ်စောင်ပို့ခဲ့သည်။

ကျန်းရှန်းဟယ် : [ ကတ်လာယူပါ ]

ရုံးခန်းတံခါး ပွင့်သွားပြီ ၊ လော့ချီက မဝင်ခင်မှာ တံခါးခေါက်သည်။ ကျန်းရှန်းဟယ်က ဘာမှပြန်မပြောဘဲ စားပွဲပေါ်ရှိ ကတ်ပြားလေးကို ညွှန်ပြ၏။

လော့ချီ ကတ်ကို ကောက်ကိုင်လိုက်ပြီး ဘော့စ်တွင် တခြားညွှန်ကြားချက်မရှိသည်ကို မမြင်လျှင် ထွက်သွားပါသည်။ သူမက password ဖြင့်မှတ်စုကို ဖြုတ်လိုက်ပြီး အဆိုပါ ဂဏန်းခြောက်လုံးကို စိတ်ထဲတွင်မှတ်ထားကာ ကတ်နံပါတ်ကို ကြည့်လိုက်သည်။

ကျန်းရှန်းဟယ်၏အသားတင်ဝင်ငွေဖြင့် ကတ်နံပါတ်သည် အထူးသီးသန့်ဖြစ်ရပေမည်။ သူမ နောက်ဆုံးဂဏန်းများကို ကြည့်လိုက်သောအခါ ၎င်းသည် အလွန်သာမန်ဖြစ်သောကိန်းဂဏန်းများ ပေါင်းစပ်မှုဖြစ်သည်ကို သူမ သိလိုက်သည်။

ထူးထူးခြားခြား အဓိပ္ပါယ်ရှိသင့်တယ် မဟုတ်လား?

ကတ်ကို သူမပိုက်ဆံအိတ်ထဲ ထည့်ထားလိုက်၏။ ဖခင်ဖြစ်သူမှလွဲ၍ ယခုအကြိမ်သည် ဆန့်ကျင်ဘက်လိင်တစ်ယောက်၏ကတ်ကို သူမ၏ပိုက်ဆံအိတ်တွင် ပထမဆုံးအကြိမ် ထည့်ထားခြင်းဖြစ်သည်။ သူမက ဖေရှစ်ရှောင်း၏ကတ်ကိုပင် မယူခဲ့ပါ။

သူတို့နှစ်ယောက်အချစ်ရေး၏ ခြောက်နှစ်တာကာလအတွင်းမှာ သူမဟာ ဘယ်လောက်ပဲ ပိုက်ဆံပြတ်နေပါစေ သူ့ကတ်ကို ဘယ်တော့မှမသုံးခဲ့။ ဒါဟာ သူမအတွက် နောက်ဆုံး ဂုဏ်ယူစရာပါပဲ။ သူမအသုံးပြုပြီးသည်နှင့် ၎င်းတို့ကြားတွင် တန်းတူညီမျှမှု ရှိတော့မည်မဟုတ်ပေ။

7years Secret Love ( ဘာသာပြန် )Onde histórias criam vida. Descubra agora