Chapter-11.1

466 48 0
                                    




စက်တင်ဘာလ တတိယပတ်၌ လော့ချီ၏ဖုန်းတွင် နောက်ထပ် အချက်ပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမအမေကို ညတိုင်း ဆယ်နာရီခွဲတွင် အိပ်ရန် တိုက်တွန်းသည့်အပြင် ကျန်းယွဲ့ရူကိုလည်း နေ့လည်သုံးနာရီခွဲတွင် အလုပ်မှထွက်ခွာရန် သတိပေးသည့် အချက်တစ်ချက်ရှိသည်။

စားပွဲပေါ်ရှိ ဖုန်းက တုန်ခါသွားပြီး နှိုးစက်က အချိန်ဇယားအတိုင်း သုံးနာရီခွဲတွင် ထမြည်လာ၏။ လော့ချီက နှိုးစက်ကိုပိတ်လိုက်ပြီး ထရပ်ကာ ကျန်းယွဲ့ရူ၏ရုံးခန်းသို့သွားခဲ့သည်။

ယနေ့နံနက်တွင် ကျန်းယွဲ့ရူသည် အိမ်တွင်မနေဘဲ သူမမိသားစုက ဖျောင်းဖျတားမြစ်စေကာမူ သူမ ကုမ္ပဏီသို့ အလုပ်သွားလုပ်ရန် တွန်းအားပေးကာ သူမကိုယ်သူမ တစ်ရက်လျှင် ခြောက်နာရီ ကန့်သတ်ချက် ချမှတ်ထားပြီး လော့ချီအား ကြီးကြပ်ပေးရန် တောင်းဆိုခဲ့သည်။

လော့ချီက တံခါးခေါက်လိုက်ပြီး

"ဒါရိုက်တာကျန်း အချိန်တန်ပါပြီ"

ကျန်းယွဲ့ရူက ပြုံးပြီး

"ဘာတွေများ အလျင်လိုနေတာလဲ ငါက စိတ်ရှုပ်စရာကောင်းလို့လား"

"ကျွန်မ အနှောင့်အယှက်မဖြစ်ပါဘူး ရှင် မပြန်ချင်သေးဘူးဆိုရင် ငါးမိနစ်တိုင်း ကျွန်မ ရှင့်ကို သတိပေးပါ့မယ်"

လော့ချီက စားပွဲပေါ်က စာရွက်စာတမ်းတွေကို သပ်ရပ်အောင် ကူညီပေးသည်။

ကျန်းယွဲ့ရူက ကွန်ပျူတာကို ပိတ်လိုက်သည်။ သူမတူလေးကို ခဏလောက် အနားယူစေချင်ပါတယ် ၊ မဟုတ်ရင် အကျပ်တည်းအခက်ခဲမှလွတ်ရန် သူမ ဒီလောက်ထိ ထင်ရာစိုင်းနေမှာမဟုတ်ဘူး။

"ရှောင်လော့ ယွမ်ဝေဆေးဘက်ဆိုင်ရာက တူညီတဲ့လုပ်ငန်းမှာပဲ ကုမ္ပဏီတစ်ခုကို ၀ယ်ဖို့ ရည်ရွယ်ထားတာ မင်းသိလား"

လော့ချီ မကြားဖူးဘူး။ ကျန်းယွဲ့ရူရဲ့ ခွဲစိတ်ကုသမှု ခံယူပြီးကတည်းက ယွမ်ဝေဆေးဘက်ဆိုင်ရာ ကိစ္စရပ်အားလုံးကို ဒုဥက္ကဌလီရွေ့ ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ လုပ်ငန်းကို ပြန်လည်တာဝန်ပေးအပ်ပြီးနောက် လော့ချီတွင် မည်သည့်မေးခွန်းများကိုမျှ မေးပိုင်ခွင့်မရှိတော့ပါ။

7years Secret Love ( ဘာသာပြန် )Where stories live. Discover now