Chapter - 27.2

442 51 1
                                    




ပွဲစရန် တစ်မိနစ်သာ လိုတော့သည် ၊ ပရိသတ်အားလုံး တိတ်ဆိတ်နေကြ၏။

လျောင်ကျန့်သည် သူမသား၏အနောက်တန်းတွင် ထိုင်နေသည်။ စူကျိုးမှသူငယ်ချင်းများကို ဖိတ်ကြားခဲ့သည်ဟု သူမထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ယွမ်ဝေလုပ်ငန်းစု၏ ဒါရိုက်တာဖြစ်သည့် လီရွေ့အပြင် ယာဉ်မောင်းနှင့် သက်တော်စောင့်ကိုပင် ခေါ်ဆောင်လာခဲ့သည်။

သို့သော် သူမသားဘေးတွင်ထိုင်နေသော မိန်းကလေးသည် အရပ်မြင့်မြင့်နှင့် ချောမောလှပသော ချူလင်းကို ချက်ချင်းပင် ကျော်တက်သွားသည်။ လျောင်ကျန့်အနေဖြင့် ဖျော်ဖြေရေးနယ်ပယ်ကို သိပ်ဂရုမစိုက်သောကြောင့် သူမသည် မည်သည့်လူငယ်ကြယ်ပွင့်ဖြစ်သည်ကို သူမ,မသိပေ။

သို့သော်လည်း သူမသည် ယခုအချိန်တွင် ဤသည်မှာ အားပေးမှုတစ်ခုမျှသာ မဟုတ်သော်လည်း သူမသားက သူမကို အမှန်တကယ် အားပေးရန် ရောက်လာသည်ဟု ထင်ကာ တိတ်တဆိတ် ပျော်ရွှင်နေခဲ့သည်။

လောင်ချူသည် လျောင်ကျန့်က သူမနဖူးကို လက်ဖြင့်ဖိထားသည်ကို မြင်တော့ သူက စိုးရိမ်စိတ်ဖြင့် မေး၏။

"ဘာဖြစ်လို့လဲ"

ပြီးရင် သူတို့က ညစာအတူတူစားကြပေမည် ၊ သူမက ဒီလိုကိစ္စမျိုးကို ဖုံးကွယ်ထားလို့ မရဘူး။ လျောင်ကျန့်သည် သူမ၏သားအား ဖျော်ဖြေပွဲသို့ ဖိတ်ကြားခဲ့သည့်အကြောင်း အမှန်အတိုင်းသာ ပြောပြနိုင်ခဲ့ပြီး သူ့ဘေးတွင်ထိုင်နေသော လှပသောကြယ်ပွင့်လေးကို အတိအကျဖော်ပြခဲ့သည်။

လောင်ချူလည်း သူမကို မြင်ဖူးသည်။ သူ့သမီးရဲ့စိတ်နေစိတ်ထားဟာ လုံလုံလောက်လောက် ထူးချွန်ထက်မြက်ပြီး သူမသာ နာမည်ကြီးတွေ ကြယ်ပွင့်တွေနှင့်အတူ ရှိုးတစ်ခုမှာ ပါဝင်ခဲ့မယ်ဆိုရင် ဘာမှမဆုံးရှုံးဘူးလို့ သူ အမြဲတမ်းတွေးထားခဲ့သည်။

သို့သော်လည်း သူ့သမီးကို မှေးမှိန်သွားစေနိုင်သည့် တစ်စုံတစ်ယောက် အမှန်တကယ် ရှိနေပုံရသည်။ ကျန်းရှန်းဟယ်ခေါ်ဆောင်လာသော မိန်းကလေးသည် ချူလင်းထက် စင်တီမီတာများစွာ အရပ်မြင့်ပြီး သူမ၏အသွင်အပြင်မှာ လုံးဝကွဲပြားပါသည်။

7years Secret Love ( ဘာသာပြန် )Where stories live. Discover now