Chapter-14.2

548 63 4
                                    




လော့ကျစ်ချိုးနှင့် ကျန်းရိဖန်တို့သည် ညစာစားရန် မနေခဲ့ကြပေ ၊ သူတို့ ခဏလောက်တောင် မနေနိုင်တော့ဘူး။ ကားထဲမှာ ကျန်းရိဖန်က သူမဖုန်းကို ထုတ်ပြီး ပြန်ဖွင့်ဖို့ ကြိုးစားပေမဲ့ စခရင်က မည်းမှောင်နေဆဲဖြစ်ပြီး ဘာမှဖြစ်မလာခဲ့။

လော့ကျစ်ချိုးက တစ်ဖက်လှည့်ပြီး သူ့မိန်းမရဲ့ ထိုင်ခုံခါးပတ်ကို ပတ်ပေးလာသည်။

"ပျက်သွားတာဖြစ်မယ် မနက်ဖြန် အသစ်ဝယ်လိုက်မယ်"

"ဝယ်စရာမလိုဘူး ပိုက်ဆံကုန်တယ် အလုပ်လုပ်နေသရွေ့ ပြန်ပြင်လိုက်ရုံပါပဲ"

အကြီးဆုံးအစ်ကိုအား ယွမ်ဆယ်သန်းကျော် အကြွေးတင်နေသေးကြောင်း သူမ စဉ်းစားမိလျှင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ လော့ကျစ်ချိုးက သူ့ဇနီးကို သူ့ဖုန်းပေးရင်း

"ကိုယ်တို့သမီးလေးကို ဖုန်းခေါ်လိုက်"

ကျန်းရိဖန်က ဖုန်းကိုယူလိုက်ပြီး လက်တင်ခုံပေါ်တင်လိုက်သည်။

"မခေါ်နဲ့ ရှင်လဲ ခေါ်ခွင့်မရှိဘူး လော့ချီဖုန်းခေါ်လာရင်လဲ သူမကို မျက်နှာသာမပေးနဲ့ မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်တာက မပြီးသေးဘူး သူမကိုပြောလိုက် အိမ်ထောင်မပြုချင်ရင် အိမ်ပြန်လာစရာမလိုဘူးလို့!"

လော့ကျစ်ချိုး မယုံကြည်နိုင်ဘူး။

"မင်း ဘာပြောလိုက်တာလဲ"

"ရှင် ကျွန်မပြောတာကိုနားထောင်"

မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်တယ်လို့ သမီးဖြစ်သူဆီက ပထမဆုံးကြားသိရတဲ့အခါ ကြည်လင်နေတဲ့ ကောင်းကင်ပြာကို လျှပ်စီးလက်လိုက်သလိုပဲ။ ဒါပေမဲ့ သူမ ငြိမ်သက်သွားပြီးနောက်မှာတော့ သူမ စိတ်မသက်မသာ ခံစားခဲ့ရသည့်တိုင် သမီးရဲ့ဆုံးဖြတ်ချက်ကို လေးစားခဲ့ပါသည်။ ကျန်းရိဖန် သူမသမီးလေးကို အရမ်းသနားသွားတယ်။

"မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်တာနဲ့ အကြီးဆုံးဦးလေးရဲ့ လုပ်ငန်းကို ထိခိုက်သွားမှာ နောက်ပြီး ကျွန်မတို့မှာ အကြီးဆုံးဦးလေးကို ပိုက်ဆံအများကြီး ပေးစရာရှိတယ် သူမအပေါ် ဖိအားတွေ ဘယ်လောက်တောင်ပေးနိုင်မလဲဆိုတာ ရှင်တွေးကြည့်ဖူးရဲ့လား"

7years Secret Love ( ဘာသာပြန် )Where stories live. Discover now